ဒုံးလက်နက် စမ်းသပ်မှု ထပ်လုပ်တာဟာ ရန်စမှုလို့ လုံခြုံရေးကောင်စီ က ဆို

  • 16 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မြောက်ကိုရီးယား ဒုံးလက်နက် စမ်းသပ် ပစ်လွှတ်

မြောက်ကိုရီးယားရဲ့ အခုနောက်ဆုံး ပြုလုပ်ခဲ့တဲ့ ဒုံးလက်နက် စမ်းသပ် ပစ်လွှတ်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ဒါဟာ အကြီးအကျယ် ရန်စမှုဘဲလို့ ဆိုပါတယ်။

လုံခြုံရေး ကောင်စီက အရေးပေါ် အစည်းအဝေး ခေါ်ယူပြီးနောက် ဒီလုပ်ရပ်ကြောင့် အခုတော့ မြောက်ကိုရီးယားကို ပိတ်ဆို့ အရေးယူမှု အသစ်တွေ ထပ်လုပ်မှာ မဟုတ်သေးဘူးလိုလည်း ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ လုပ်ရပ်အပေါ် အမေရိကန် ၊ တရုတ်နဲ့ ရုရှားတို့ကလည်း လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ တညီတညွတ်တည်း ဆန့်ကျင်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

တကယ်လို့ မြောက်ကိုရီးယားအပေါ် လက်ရှိ အရေးယူ ပိတ်ဆို့မှုတွေက အလုပ်မဖြစ်ဖူး ဆိုရင် စစ်ရေးအရ အရေးယူမှုတွေ ရှိလာနိုင်တယ်လို့ အမေရိကန်က မြောက်ကိုရီးယား အစိုးရကို အစောပိုင်းတုန်းက သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်း ကတော့ လုံခြုံရေး ကောင်စီအနေနဲ့ မြောက်ကိုရီးယား ကို ရေနံတင်ပို့မှုတွေ ကန့်သတ်ဖို့ ၊ သူတို့ ဆီက ထွက်ကုန် ဖြစ်တဲ့ ချည်ထည် တင်သွင်းမှု တွေကို ကန့်သတ်တာတွေ သဘောတူထားကြပြီး ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ဂျပန်ကို ဒုံးလက်နက်နဲ့ ကျော်ပစ် တာ အခုက ဒုတိယအကြိမ် ဖြစ်ပြီး ခုပစ်ပြလိုက်တဲ့ ဒုံးလက်နက်က အရင် တခါ ထက်တောင် ပိုမြင့်မြင့်နဲ့ ပိုဝေးဝေး ပစ်ပြခဲ့သလို အကွာအဝေး ကီလိုမီတာ ၃၇၀၀ နဲ့ ပျံသွားတဲ့အမြင့်က ကီလိုမီတာ ၇၇၀ ရှိပါတယ်။

မြောက်ကိုရီးယား ကနေ ပစ်ရင်အ မေရိကန် ပိုင် ဂူအမ်ကျွန်းကို ကောင်းကောင်း ရောက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေ က ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီယား အစီအစဉ်တွေ ဒုံးလက်နက်အရေးတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာအင်အားကြီး နိုင်ငံတွေ ရှုတ်ချ နေကြပေမယ့် ဒီကိစ္စကို ဘယ်လိုကိုင်တွယ် ကြမလဲ ဆိုတဲ့ အပေါ် အမြင်မတူတာတွေ ရှိနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ