ကြော်ငြာကနေ ကန်ရွေးကောက်ပွဲ ရုရှားနှောက်

  • 10 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ရုရှားရဲ့ အမေရိကန် ရွေးကောက်ပွဲ နှောက်ယှက်မှုကို ဂူဂယ် ဖော်ထုတ်ပြီ

နိုင်ငံတကာ သတင်း ကတော့ ပြီးခဲ့တဲ့ နှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကာလတုန်းက ရုရှဟာ ဖေစ့်ဘွတ်ခ် အကောင့်ထဲမှ ကြော်ငြာတွေ အတွက်စုစုပေါင်း ငါးရာခိုင်နှုန်း ကို ဝယ်ယူပြီး လူဝင်မှု ကြီးကြပ်ရေးအကြောင်းအရာ၊ သေနတ်ကိုင်ဆောင်ခွင့်ဥပဒေနဲ့ လိင်တူ ပေါင်းသင်းဆက်ဆံရေးကိစ္စရပ် တွေ ကို ကြားညပ် ကြော်ငြာခဲ့တာကို အတည်ပြု ပြောကြားလိုက်ပါတယ်။

ဒီနည်းတွေ ကို အသုံးပြုပြီး အမေရိကန် ရဲ့ မတူကွဲပြားတဲ့ လူမှု အသိုင်းအဝိုင်း အကြောင်း နဲ့ နိုင်ငံရေး သတင်း အချက်အလက် တွေ မျှဝေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် မို့ ဖေစ့်ဘွတ်ခ်က ကြော်ငြာစုစုပေါင်း ၃၀၀၀ ခန့် ကို အမေရိကန် ကွန်ဂရက် မှ စုံစမ်းစစ်ဆေးရေး အဖွဲ့လက်ထဲ အပ်လိုက်ပါပြီလို့ သတင်းရရှိပါတယ်။

ဒီလိုကြော်ငြာတွေ ကို လူပေါင်း ၁၀ သန်းခန့်က ကြည့်ရှု ကြတယ်လို့ ယုံကြည်ကြောင်း၊ ဒါပေမဲ့ ၂၅ ရာခိုင်နှုန်း ကိုတော့ လူတွေ ကြည့်မဲ့ပုံ မပေါ်ကြောင်း မူဝါဒရေးရာ နဲ့ ဆက်သွယ်ရေး ဌာန မှ ဒုဥက္ကဋ္ဌ အက်လီယက် စကရပ်ဂျ် က ပြောပါတယ်။

ဂူဂဲလ် ကတော့ ဝါရှင်တန် သတင်းစာ မှာ ဖေါ်ပြထားသလို မသင်္ကာဘွယ် ရုရှ ထောက်လှမ်းရေး တွေ ဟာ ကြော်ငြာတွေ ဝယ်ပြီး You Tube နဲ့ Gmail စတာတွေ မှာ ကြော်ငြာဝင် သလိုလိုနဲ့ အမေရိကန် ရွေးကောက်ပွဲ ကို ဝင်ရောက် နှောင့်ယှက် တဲ့ အကြောင်း တိုက်ရိုက် အတည်ပြုမှု မရှိဘဲ သူတို့ဆီမှာ ကြော်ငြာတွေ နဲ့ ပတ်သက်လို့ တင်းကျပ်တဲ့ မူဝါဒတွေ ချမှတ်ထားပြီး သူတို့ရဲ့ စနစ် ကို အလွဲသုံးစား လုပ်ဖို့ ကြိုးပမ်းတဲ့ လူတွေ ကိုလည်း စုံစမ်းဖေါ်ထုတ်ရာမှာ ကျွမ်းကျင်တဲ့ သုတေသီတွေ ရဲ့ အကူအညီ အပြင်၊ တခြား ကုမ္ပဏီတွေ နဲ့ ပါပူးပေါင်း စုံစမ်းလေ့ရှိပါတယ် လို့ ဂူဂယ် ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ဖေ့စ်ဘုတ် ဘက်ကတော့ ကြော်ငြာ တင်တဲ့ ပုံစံတွေ ကို ပြောင်းလဲပစ်မဲ့ အကြောင်းပြောပြီး အမေရိကန် ဘက်ကလည်း ပြီးခဲ့တဲ့ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲ မှာ ရုရှ ကဝင်ရောက်နှောက်ယှက်မှု ပြုမပြု ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် စုံစမ်း ထောက်လှမ်းဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ