အသေးဆုံးနိုင်ငံ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်

  • 10 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption အိုက်စလန် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်

အိုက်စလန်ဟာ အုပ်စု နောက်ဆုံးပွဲမှာ ကိုဆိုဗိုကို နှစ်ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်သွားခဲ့ပါတယ်။

ဒါဟာ သူတို့သမိုင်းတလျှောက်မှာ ပထမဆုံး ခြေစစ်ပွဲ အောင်သွားတာ ဖြစ်ပါတယ်။

အိုက်စလန်ဟာ လူသုံးသိန်းသုံးသောင်းသာ ရှိတဲ့ ကျွန်းနိုင်ငံလေးဖြစ်ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲကို အောင်တဲ့ အသေးဆုံး နိုင်ငံလေး ဖြစ်ပါတယ်။

တခြား အုပ်စုက ဆာဗီးယား အသင်းကလည်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်သွားခဲ့ပြီး တခါ အိုင်ယာလန်ကတော့ ဝေလ အသင်းကို တဂိုး ဂိုးမရှိနဲ့ နိုင်ကာ Playoff ကစားခွင့် ရရှိသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ