သမ္မတထရမ့် တရားစွဲခံရတော့မယ်

  • 28 နိုဝင်ဘာ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption တချိန်က ထရမ့် ဘတ်ဂျတ် အဖွဲ့ခေါင်းဆောင် Mick Mulvaney

အမေရိကန် ပြည်ထောင်စုမှာ ဗဟို အစိုးရရဲ့ ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်တဲ့ Consumer Financial Protection Bureau အဖွဲ့ရဲ့ အကြီးအကဲ ရာထူးနေရာမှာ ကနဉီး သတ်မှတ်ထားသူ Leandra English ကို ဖယ်ရှားပြီး သူ့အနီးကပ် ပုဂ္ဂိုလ် Mick Mulvaney ကို ခန့်လိုက်တာကြောင့် နိုင်ငံရေး ဆိုင်ရာ အငြင်းပွားမှုဖြစ်နေပါတယ်။

CFPB အဖွဲ့ကို Mick Mulvaney တချိန်တုန်းက ရှုတ်ချ ပြောဆိုခဲ့ဖူးတာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက ခန့်ဖို့ လျာထားခံရတဲ့ လက်ရှိ လက်ထောက် ညွှန်မှူး Leandra English က သမ္မတ ထရမ့်ကို တရားစွဲတော့မှာ ဖြစ်ပြီး ဒီအမှုကို မကြာခင် တရားသူကြီးက ကြားနာဖို့ ရှိပါတယ်။

အခုလို တရားစွဲဆိုမှုတွေ ဖြစ်လာမယ် ဆိုတာ သတိထားမိ ပေမယ့် မစ္စတာ မာလ်ဗေးနီးဟာ ယာယီညွှန်မှူး အဖြစ်ထမ်းဆောင်ခွင့် ရှိတယ် ဆိုတာကို ဥပဒေမှာ ရှင်းရှင်း ဖော်ပြထားပါတယ် လို့ အိမ်ဖြူတော် ပြောခွင့်ရသူက ဆိုပါတယ်။

Mick Mulvaney ဟာ အရင်က မစ္စတာ ထရမ့် အစိုးရ ရဲ့ ဘတ်ဂျတ် ဆိုင်ရာ အကြီးအကဲ ဖြစ်ပြီး အခုအခါ CFPB အဖွဲ့မှာ ယာယီ ညွှန်ကြားရေးမှူး အဖြစ် တာဝန်လွှဲယူတော့မှာ ဖြစ်ပါတယ်။