ဆော်ဒီမှာ ထိန်းသိမ်းခံထားရသူတွေ တရားရုံးပြင်ပက ကျေအေးနေ

  • 5 ဒီဇင်ဘာ 2017
Image caption ဇိမ်ခံ ဟိုတယ်မှာ ထားရှိ

ဆော်ဒီအာရေဗျ နိုင်ငံမှာ ခြစားမှု တိုက်ဖျက်ရေး အတွက် ဆိုပြီး မကြုံစဖူး လုပ်ဆောင် ခဲ့တာတွေထဲ ဖမ်းဆီး ခံခဲ့ကြရသူ အများစုဟာ တရားရုံး ပြင်ပ ကျေအေးနိုင်ဖို့ အစိုးရနဲ့ကြား သဘောတူမှုတွေ ရယူခဲ့ပါတယ်။

ပုဒ်မတပ် တရားစွဲဆို ခံရတာမျိုးကနေ ရှောင်လွှဲ နိုင်ဖို့ အတွက် တော်တော်များများက သဘောတူမှုတွေ ရယူခဲ့ကြောင်း ဆော်ဒီ အစိုးရရှေ့နေက အတည်ပြု ပြောဆိုပါတယ်။

အကျင့်ပျက် ခြစားတယ် ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး သက်သေ လာရောက်ထွက်ဆိုဖို့ ဆင့်ခေါ် ထားသူပေါင်း လောလောဆယ်အထိ လူပေါင်း ၃၂ဝ အထိ ရှိတယ်လို့လည်း အဲဒီ အစိုးရ ရှေ့နေက ပြောပါတယ်။

Image caption ဖမ်းဆီးတာတွေ ဦးဆောင်လုပ်သူ အိမ်ရှေ့စံ မိုဟာမက်ဒ် ဆာလ်မန်း

လက်ရှိ ထိန်းသိမ်း ထားသူပေါင်း ၁၅၉ ယောက် ရှိပြီး အဲဒီထဲက တချို့ကိုတော့ ရုံးတင် တရားစွဲ သွားမှာ ဖြစ်ပါတယ်။

ထိန်းသိမ်း ခံထားရသူတွေထဲ တော်ဝင်မင်းသားတွေ၊ ဘီလီယံနာ သူဌေးတွေ ပါဝင်ပြီး အဲဒီထဲက တော်တော်များများကို ရီယာ့ဒ်မြို့တော်မှာ ရှိတဲ့ ဇိမ်ခံ ဟိုတယ်တလုံးမှာ ထားရှိတာ ဖြစ်ပါတယ်။

Image caption မင်းသား မီတာ့ဘ် ပြန်လွတ်လာ

ထိန်းသိမ်းခံ ခဲ့ရသူတွေထဲ နာမည်အကြီးဆုံး တယောက်ဖြစ်တဲ့ မင်းသား မီတာ့ဘ် ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲကပဲ ပြန်လွတ်လာပြီး ဒေါ်လာ သန်းတထောင် အစိုးရကို ပြန်လွှဲ ပေးခဲ့တယ်လို့ အဲဒီက လာတဲ့ သတင်းတွေ က ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆော်ဒီ အိမ်ရှေ့စံသစ် ပေါ်လာပြီ