ဖားကန့်၊ မန်စီနဲ့ တနိုင်းမြို့နယ်တွေထဲ တိုက်ပွဲတွေ ပေါ်ပေါက်ပြန်

  • 19 ဒီဇင်ဘာ 2017
Image caption ကချင်ပြည်နယ်ထဲ အစိုးရ ထိုးစစ် အရှိန်မြှင့်

ကချင်ပြည်နယ် ဖားကန့်၊ မန်စီနဲ့ တနိုင်းမြို့နယ်တွေထဲက နေရာ တချို့မှာ အစိုးရ စစ်တပ်နဲ့ ကချင် လက်နက်ကိုင် အဖွဲ့ KIA ကြား ဒီရက်ပိုင်းတွေထဲ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွား နေပါတယ်။

ဒီအတွက် စစ်ဒဏ်ကြားက အရပ်သားတွေ အနေနဲ့ အသက်အိုးအိမ် အတွက် စိုးရိမ် ကြောက်လန့် တာတွေ တိုးမြင့် ဖြစ်ပေါ်နေရပြီး၊ တချို့ဆို အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေး နေရတယ်လို့ ဒေသခံတချို့က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းမှာ တနိုင်းမြို့နယ်ထဲက KIA တပ်မဟာ ၂ ထိန်းချုပ် နယ်မြေတချို့နဲ့ ဖားကန့့်၊ မန်စီမြို့နယ်တွေထဲ အစိုးရစစ်တပ်က နယ်မြေ ရှင်းလင်းရေးတွေ လုပ်ဆောင်လာတဲ့ အတွက် ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားလာရတယ် ဆိုပြီး ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

Image caption ပုပ်ကိုလာတွေ့တဲ့ ကချင် ကက်သလစ်တွေ
Image caption နှစ်တွေနဲ့ချီ IDP စခန်းတွေထဲ သောင်တင်ရ

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ကြား ဆက်သွယ်ရေး လမ်းကြောင်း တချို့ပေါ်မှာလည်း တိုက်ပွဲတချို့ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို တိုက်ပွဲတွေ ပြန်လည် ဖြစ်လာတာဟာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် NCA ထဲ KIA ပါဝင် လက်မှတ် ထိုးဖို့ ဖိအားပေးတဲ့ ပုံစံမျိုးနဲ့ အစိုးရ စစ်တပ်က ခြိမ်းခြောက်နေတဲ့ သဘောဖြစ်တယ်လို့ KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောဆိုထားပါတယ်။

တိုက်ပွဲတွေ ဖြစ်လာတိုင်း အစိုးရကို အကြောင်းကြားပေမယ့်၊ အစိုးရဘက်က ဘာမှ တုံ့ပြန်တာမျိုး မရှိဘူးလို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG ရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးလမိုင်ဂွမ်ဂျာက ဘီဘီစီကို ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ