ဆရာ၊ ဆရာမတွေကို နိုင်ငံခြားက တိုက်ရိုက်ဖိတ်ကြားတာမျိုးတွေကို ကန့်သတ်ပြီ

  • 23 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption Yangon University

ပညာရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်နဲ့ အခြေခံပညာကျောင်း က ဆရာ၊ ဆရာမတွေ ကို နိုင်ငံခြား က ကျောင်းတွေ အဖွဲ့အစည်းတွေ ကနေ ဖိတ်ကြားရင် ကာယကံရှင် ကို တိုက်ရိုက် နံမည်တပ်ပြီး ဖိတ်ခေါ်တာမျိုး ကို လက်မခံကြောင်းမြန်မာ အစိုးရက ကြေညာ လိုက်ပါတယ်။

အဲဒီလို နာမည်တပ်ပြီး ဖိတ်ဖို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်နဲ့ အဲဒီ နိုင်ငံခြား ဘက်က သူတွေ လက်ဝါးချင်းရိုက် စီစဉ်မှုတွေ ရှိကြောင်းနဲ့ နိုင်ငံခြားက ကျောင်းတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ တိုက်ရိုက်ရွေးချယ် ကမ်းလှမ်း နေတာမျိုး က မသင့်တော်တဲ့အကြောင်း ပညာရေးဝန်ကြီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကိုလေးဝင်းက ဘီဘီစီကို ပြောပါတယ်။

တက္ကသိုလ် ဆရာ၊ ဆရာမများအသင်း (UTA) ရဲ့ ဦးဆောင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအာကာမိုးသူကတော့ အခုလို ပိတ်ပင် တာဟာ ပညာရေးဝန်ထမ်းတွေ ရဲ့အရည်အသွေးပိုင်းမြှင့်တင်ရေးကို ပညာရေး ဝန်ကြီးဌာန က အားမပေးရာ ရောက်တယ်လို့ ဝေဖန် ပါတယ်။

ဆက်စပ် အကြောင်းအရာများ