တနေ့လုပ်အားခ ၄၈၀၀ ကျပ်ပေးဖို့ သတ်မှတ်

  • 30 ဒီဇင်ဘာ 2017
Image caption တနေ့လုပ်အားခ ၄၈၀ဝကျပ် ပေးဖို့ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရနဲ့ ပညာရှင်တွေပါဝင်တဲ့ အဖွဲ့တွေ ၄ ကြိမ် တိတိ ဆွေးနွေးခဲ့ပါတယ်။

အလုပ်သမားတွေကို တနေ့လုပ်အားခ ၄၈၀ဝကျပ် ပေးဖို့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေးမှာ သတ်မှတ်လိုက်ပါတယ်။

ဒီလို သတ်မှတ်နိုင်ဖို့ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရနဲ့ပညာရှင်တွေပါဝင်တဲ့ အဖွဲ့တွေ ၄ ကြိမ် တိတိ ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးရာမှာ အလုပ်ရှင်တွေဖက်က ၄၆၀၀ သတ်မှတ်ဖို့ အဆိုပြုခဲ့ပေမယ့် နောက်ဆုံး အတိုက်အခံ ပြောဆိုပြီးတဲ့နောက်မှာတော့ ၄၈၀၀ ပေးဖို့ သဘောတူညီလိုက်တာလို့ မြန်မာနိုင်ငံ စက်မှု လက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ကိုနော်အောင်က ဘီဘီစီကို ပြောပါတယ်။

အခြေခံလူနေမှု ကုန်ကျစရိတ်ကို မူတည်ပြီးတော့ အလုပ်သမားတွေက လုပ်အားခ ၅၆၀ဝကျပ် ပေးဖို့တောင်းဆိုခဲ့ကြတာပါ။

ဒါပေမယ့် ခုလို ၄၆၀၀ ကျပ်သတ်မှတ်ပေးတာကိုတော့ သဘောကျမှာ မဟုတ်သလို အလုပ်သမား အများစု ဒီလို သဘောမကျရင်တော့ ရှေ့ဆက် ဘာဖြစ်လာမလဲဆိုတာ မပြောနိုင်ဘူးလို့ ကိုနော်အောင်က ပြောပါတယ်။

အရင် အစိုးရလက်ထက်ကတော့ တနေ့ လုပ်အားခ ၃၆၀ဝကျပ် သတ်မှတ်ပေးထားခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ