ကျောက်မျက် နဲ့ လက်ဝတ်ရတနာ အချောထည်ပြပွဲ

  • 13 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် Aung Kyaw Win Facebook
Image caption ကျောက်မျက်အချောထည်ပြပွဲ

ပြည်တွင်းမှာပြုလုပ်နေကျ ကျောက်မျက် အရောင်းပြပွဲတွေမှာ အရင်ကကျောက်မျက် အကြမ်းထည်တွေ ကိုသာ ရောင်းချလေ့ ရှိပေမယ့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်အသင်း (ရန်ကုန်)က ဦးစီးကျင်းပတဲ့ ဒီပြပွဲမှာတော့ ပြည်တွင်းထွက် တန်ဖိုးကြီး ပတ္တမြား နီလာ ကျောက်စိမ်း စတဲ့ ကျောက်မျက်ရတနာ တွေကို အချောထည် ပြုလုပ် ရောင်းချ နေကြတာပါ။

လက်ဝတ်ရတနာ ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပြသနေကြတဲ့ ပြပွဲမှာ ထိုင်း၊ စင်္ကာပူနဲ့ ဟောင်ကောင်တို့က အများဆုံး လာရောက် ဝယ်ယူကြပြီး ဥရောပနိုင်ငံတွေ ထဲကတော့ အီတလီ ကုန်သည် အများစုပဲ လာရောက် ကြတယ် လို့ ကျောက်မျက် ရတနာ လုပ်ငန်းရှင် အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်ကျော်ဝင်းက ပြောပါတယ်။

နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ကျောက်မျက် ပြပွဲ တွေမှာတော့ ယူရိုငွေကြေးနဲ့ ရောင်းချခဲ့တာဖြစ်ပြီး တရုတ်နဲ့ ဟောင်ကောင်က ကျောက်ကုန်သည် အများစုက လာရောက် ဝယ်ယူလေ့ ရှိပါတယ်။

တချိန်တည်းမှာပဲ ရခိုင်ပြည် မြောက်ပိုင်း ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံနဲ့ ကျောက်အရောင်းအဝယ် မလုပ်တော့ဘူးလို့ ကမ္ဘာ့နာမည်ကြီး ကာတီယာ ထိပ်တန်း ကျောက်မျက် ကုမ္ပဏီကလည်း ထုတ်ဖော် ကြေညာ ထားပါတယ်။

ဒါပေမယ့် ကျောက်မျက်ပြပွဲတွေမှာတော့ ဥရောပနဲ့ အနောက်နိုင်ငံတွေက အရင်ကတည်းက ဝယ်ယူလေ့ သိပ်မရှိပါဘူး။

ဆက်စပ် အကြောင်းအရာများ

ဘီဘီစီ တဝန်း