ကချင် ပါတီ ၃ ခု ပေါင်းစည်းဖို့ သဘောတူ

  • 14 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် KPCC
Image caption ကချင်ပြည်နယ် အခြေစိုက် ပါတီ ၃ ခုက ကချင်ပြည်နယ်ကိုယ်စားပြု နိုင်ငံရေး ပါတီကြီးတခု အဖြစ် ပူးပေါင်း ဆောင်ရွက်မယ်။

ကချင်ပြည်နယ် အခြေစိုက် ပါတီ ၃ ခုက ကချင်ပြည်နယ်ကိုယ်စားပြု နိုင်ငံရေး ပါတီကြီးတခု အဖြစ် ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ ပါတီသစ် အမည်၊ တံဆိပ်နဲ့အလံကို ပြည်သူလူထုထံ ချပြ အတည်ပြုဖို့ သဘောတူညီခဲ့ ပါတယ်။

ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်တဲ့ ကချင်နိုင်ငံရေး ပါတီများ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီရဲ့ ပါတီပေါင်းစည်းရေးဆိုင်ရာ အစည်းအဝေးမှာ ကချင်ဒီမိုကရစ်တစ်ပါတီ (ကေဒီပီ)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(ကေအက်စ်ဒီပီ)နဲ့ ကချင်အမျိုးသား ကွန်ဂရက် (ကေအန်စီ) ပါတီတို့ သဘော တူညီခဲ့တာပါ။

ဓာတ်ပုံ မူပိုင် KPCC
Image caption ပါတီတွေ ပေါင်းစည်းပြီး ဂိုဏ်းဂဏစွဲမရှိဘဲ ပြန်မကွဲအောင် ကြိုးစားလုပ်ဆောင်သွားမယ်

ကွဲပြားနေတဲ့ ပါတီတွေကို စုစည်းလိုက်ရင် အင်အားကောင်းတဲ့ ပါတီ ဖြစ်လာပြီး တခြား ပါတီတွေနဲ့ အားကောင်းကောင်းနဲ့ ယှဉ်ပြိုင်နိုင်ကာ အောင်မြင်မှု ပိုရရှိနိုင်မယ်လို့ ကေအက်စ်ဒီပီ ပါတီ ခေါင်းဆောင် ဒေါက်တာ တူးဂျာက ဘီဘီစီကို ပြောပါတယ်။

ဒီလို ပါတီတွေ ပေါင်းစည်းလိုက်တာဟာ ကချင်ပါတီတွေကို ပေါင်းစည်းစေလိုတဲ့ ကချင် ပြည်သူတွေရဲ့ သဘောထားဆန္ဒကို အလေးထား အကောင်ထည်ဖော်တာလို့လည်း သူက ပြောပါတယ်။

ပါတီတွေ ပေါင်းစည်းပြီး ဂိုဏ်းဂဏစွဲမရှိဘဲ ပြန်မကွဲအောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့လည်း ဆိုပါ တယ်။

ဒီပါတီပေါင်းစည်းရေး ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (LNUDP)ကတော့ အဆင်သင့် မဖြစ်သေးလို့ မပါနိုင်သေးဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ဒီပါတီ ၃ ခုဟာ သဘောတူညီချက်တွေ အကောင်ထည်ဖော်နိုင်ဖို့ လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ရေး ထပ်မံတွေ့ဆုံကြမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ