လွှတ်တော် အဖွဲ့ ဥပဒေ သမ္မတ အတည်ပြု

  • 11 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် EPA
Image caption ပြည်သူ့လွှတ်တော် အစည်းအဝေး

ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်တဲ့ မြန်မာနိုင်ငံ လွှတ်တော် အဖွဲ့ ဥပဒေကို နိုင်ငံတော် သမ္မတက အတည်ပြုလိုက်ပါပြီ။

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အတည်ပြု ပြဌာန်းလိုက်တဲ့ မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဥပဒေမှာ ပါတဲ့ ရည်ရွယ်ချက် ၊ လွှတ်တော်အဖွဲ့ ဖွဲ့စည်းခြင်းနဲ့ လုပ်ငန်းတာဝန်များ စတဲ့အခန်းတွေမှာ ပါတဲ့အချက် တချို့ဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေကို ပြည်ထောင်စု လွှတ်တော်က ချုပ်ကိုင်သလိုမျိုး ဖြစ်နေတယ်လို့ လွှတ်တော် ကိုယ်စားလှယ် တချို့နဲ့ လေ့လာသူ တချို့က ဝေဖန်ကြပါတယ်။

လွှတ်တော် အဖွဲ့ ဖွဲ့စည်းတဲ့အခါ ပြည်ထောင်စု လွှတ်တော် နာယကကို ဥက္ကဌ တာဝန်ပေးပြီး ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော်ဥက္ကဌ က ဒုဥက္ကဌနဲ့ ၊ ဒုတိယ ပြည်ထောင်စု လွှတ်တော် နာယက က အတွင်းရေးမှူး တာဝန်ယူထားပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် ဥက္ကဌတွေ ကတော့ အဖွဲ့ဝင် အဖြစ်သာ ပါဝင်တယ်လို့ ကျားဖြူပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလဲဖြစ် ၊ ရှေ့နေ တစ်ဦးလဲ ဖြစ်တဲ့ ဒေါ်နန်းဝါနုက ပြောပါတယ်။

အဖွဲ့ဝင်များရဲ့ တာဝန်နဲ့အခွင့်အရေးများအခန်းမှာတော့ အဖွဲ့ဝင်များသည် လွှတ်တော်အဖွဲ့ရဲ့ ညှိနှိုင်း ဆောင်ရွက်ချက်များကို ဆောင်ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးကြောင်းကို လွှတ်တော် အဖွဲ့သို့ ပြန်လည်အစီရင်ခံရ မယ်လို့ ပြဌာန်းထားပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တွေက သီးခြားစီ ရပ်တည်နေတာ ဖြစ်ပေမဲ့ ဒီဥပဒေအရ လွှတ်တော် အားလုံးပေါင်းစည်း လုပ်ကိုင်ဖို့ ချိတ် ဆတ်ပေးတဲ့ သဘောတွေ့ရပေမဲ့ ပြည်ထောင်စုလွှတ်တော်က ချုပ်ကိုင်ထားသလို ဖြစ်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီဥပဒေကို ပြဌာန်းတာဟာ ပေါင်းစည်း ညှိနှိုင်းဖို့ အတွက်ပဲ ဖြစ်ပြီး တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ရည် ပိုမိုကောင်မွန်းလာဖို့အတွက် ဖြစ်တယ်လို့ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

လွှတ်တော်အဖွဲ့ ဥပဒေရဲ့ ရည်ရွယ်ချက် အခန်းမှာလဲ နိုင်ငံတကာ ဥပဒေပြု့အ ဖွဲ့အစည်းများ ရည်ရွယ်ချက်တူတော့ နိုင်ငံတကာ အဖွဲ့အစည်းများ ၊ အစိုးရ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက် ရန် အာဆီယံ ပါလီမန်များ ညီလာခံ အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်း လွှတ်တော်များတွင် ပါဝင် ဆောင်ရွက်ရန် ဆိုတဲ့ အချက်ပါရှိပါတယ်။

ဒီဥပဒေရဲ့ အားသာတဲ့အချက်ကတော့ လက်ရှိ ပြည်သူလွှတ်တော်နဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တွေရရှိနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ကပေးအပ်နေတဲ့ စွမ်းဆောင်ရည်မြင့်သင်တန်းတွေကို တိုင်း ဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေပါ ရရှိလာမှာ ဖြစ်တယ်လို့လဲ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် တချို့ကပြောပါတယ်။

ဒါပေမဲ့လည်း ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ဖို့ ကြွေးကြော်ထားတဲ့ NLD ပါတီက ဦးဆောင်တဲ့ လွှတ်တော်က ပြဌာန်းတဲ့ ဒီလွှတ်တော် အဖွဲ့ဥပဒေမှာ ပါတဲ့ ဗဟို ချုပ်ကိုင်မူ့တွေ များနေတဲ့ အချက်တွေကို ကြည့်ပြီး တိုင်းရင်းသား တွေနဲ့ NLD ပါတီကြား သံသယ ရှိစရာတွေ ဖြစ်လာစေတယ်လို့ လေ့လာသူ တချို့က သုံး သပ်ကြပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ