ကြက်သားပြတ်လို့ ဗြိတိန်နဲ့ အိုင်ယာလန်မှာ KFCဆိုင်တွေ ယာယီ ပိတ်ရ

  • 20 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် Getty Images
Image caption ကြက်သားတွေကို KFCကို ပေးပို့ဖို့ ကေအက်ဖ်စီနဲ့ DHLတို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။

ဗြိတိန်နဲ့ အိုင်ယာလန်မှာရှိတဲ့ KFCလို့ လူသိများတဲ့ Kentucky ကြက်ကြော် ဆိုင်တွေ ကြက်သားပြတ်သွားလို့ ယာယီ ပိတ်လိုက်ရပါတယ်။

KFCဆိုင်အတွက် လိုအပ်တဲ့ ကြက်သားတွေ ပို့ပေးနေတဲ့ DHL ကုမ္ပဏီသစ်ရဲ့ ပျက်ကွက်မှုကြောင့် ဆိုင်ပေါင်း ၆၀၀ ကျော်လောက် ပိတ်လိုက်ရတဲ့ အပေါ် KFCက တောင်းပန် လိုက်ပါတယ်။

အရင်တပတ်ကမှ ကြက်သားတွေကို KFCကို ပေးပို့ဖို့ ကေအက်ဖ်စီနဲ့ DHLတို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။

အရင်က KFCအတွက် ကြက်သားတွေကို တောင်အာဖရိကနိုင်ငံသားပိုင် Bidvestက ပေးပို့နေတာ ဖြစ်ပါတယ်။

ဒီလိုဆိုင်တွေ ပိတ်လိုက်တာကြောင့် KFCကို အားပေးကြတဲ့ စားသုံးသူတွေကလည်း သူတို့ရဲ့ မကျေနပ်ချက်တွေကို လူမှုရေး ကွန်ရက် တွစ်တာ စာမျက်နှာပေါ်မှာ ရေးသားခဲ့ကြ ပါတယ်။

ဆက်စပ် အကြောင်းအရာများ