ချင်းတွင်းသင်္ကြန်မှာ သေဆုံးသူ ၂ ဦးရှိပြီ

  • 15 ဧပြီ 2018
ဓာတ်ပုံ မူပိုင် Aung Nay Myo
Image caption ချင်းတွင်းသင်္ကြန်ကျင်းပရာ မြစ်ကမ်းမှာတွေ့ရတဲ့ အလောင်း

မုံရွာက ချင်းတွင်းမြစ်ကမ်းမှာ ကျင်းပနေတဲ့ ချင်းတွင်းသင်္ကြန်မှာ သေဆုံးသူ နှစ်ဦးရှိပြီလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

သင်္ကြန်အကျနေမှာ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ဧပြီလ ၁၅ ရက်နေ့ အကြတ်နေ့မှာ ၁ ဦး ထပ်မံ သေဆုံးခဲ့တဲ့အတွက် စုစုပေါင်း ၂ ဦးရှိသွားပြီလို့ ဒီကနေ့ သေဆုံးသူကို သွားရောက်ဓာတ်ပုံမှတ်တမ်းတင်ခဲ့တဲ့ အလွတ်တန်း ဓာတ်ပုံ သတင်းထောက် အောင်နေမျိုး ( မုံရွာ ) က ဘီဘီစီကို ပြောပါတယ်။

ဧပြီ ၁၄ ရက်နေ့က သေဆုံးသူကတော့ ရေနစ် သေဆုံးခဲ့တာဖြစ်ပြီး ဧပြီ ၁၅ ရက်နေ့မှာ တွေ့ရှိတဲ့ အလောင်းကတော့ ဘာကြောင့် သေဆုံးတယ်ဆိုတာ မသိရသေးပါဘူး။

မုံရွာမြို့တွင်းမှာလည်း သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှုတွေကြောင့် ဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေက ဘီဘီစီကို ပြောပါတယ်။

ယာဉ်တိုက်မှု အများစုဟာ မော်တော်ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ အမှုတွေဖြစ်ပြီး သောက်စားမူးယစ်မှုကြောင့် ယာဉ်တိုက်မှုတွေ ဖြစ်ကြတာ ဖြစ်ကာ အများစုဟာ လူငယ်တွေဖြစ်တယ်လို့ ကရုဏာမြင့်မိုရ် လူမှုကူညီရေးအသင်းက ဦးစောလှမိုးက ဘီဘီစီကို ပြောပါတယ်။