သူလျိုဟောင်းကို ရုရှားတို့ အဆိပ်ခတ်ခဲ့တာ သေချာပြီလား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သူလျှိုဟောင်းကို ရုရှားတို့ အဆိပ်ခတ်ခဲ့တာ သေချာပြီလား

  • 19 ဧပြီ 2018

ဗြိတိန်တောင်ပိုင်း ဆော်စဘယ်ရီ မြို့မှာ အာရုံကြော ထိခိုက်စေတဲ့ အဆိပ် ထပ်မံ ရှာတွေ့ခဲ့တယ်လို့ ရုရှားတို့ရဲ့ ပြောဆိုချက်ကို နိုင်ငံတကာ ဓာတု လက်နက် စောင့်ကြည့် တားမြစ်ရေးအဖွဲ့ OPCW အကြီးအကဲက ပယ်ချလိုက်ပါတယ်။

ရုရှားသူလျှိုဟောင်း ဆာဂေး စကယ်ရီပဲလ်နဲ့ သမီးဖြစ်သူ ယူလီယာတို့နှစ်ဦးဟာ ဆော်စဘယ်ရီမြို့မှာ အဆိပ်နဲ့ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီအဆိပ်ဟာ ခေတ်မီနည်းပညာသုံးပြီးသာ ထုတ်လုပ်နိုင်တဲ့ နိုဗီချော့ခ် အဆိပ်မျိုး အမျိုးအစားဖြစ်တယ်လို့ OPCW ရဲ့ ဗြိတိန်ကိုယ်စားလှယ်က ပြောပါတယ်။

ရုရှားတို့ရဲ့ ဓာတုလက်နက် အစီအစဉ်မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ သုတသီဟောင်းတစ်ဦးနဲ့ ဘီဘီစီက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

အပြည့်အစုံကိုတော့ ကိုကျော်ဇေယျက ပြောပြပေးမှာပါ။

ဆက်စပ် အကြောင်းအရာများ