ကေအိုင်အေ ဌာနချုပ် အနီး အစိုးရတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်ရှိနေ

  • 11 အောက်တိုဘာ 2016
Image caption တိုက်ပွဲ တွေ အရှိန် မြှင့်လာတာကို ဒေသခံ တွေ၊ အရပ်ဖက် အဖွဲစည်းတွေက ကန့်ကွက်

ကချင် ပြည်နယ်ထဲမှာ အစိုးရ စစ်တပ်နဲ့ ကချင် လက်နက်ကိုင် ကေအိုင်အေ တို့ကြား တိုက်ပွဲ တွေ ဆက်လက် ရှိနေပါတယ်။

အောက်တိုဘာ ၁၁ ရက် အင်္ဂါ နေ့က အထိ အစိုးရ စစ်တပ်က ဂျက်လေယာဉ် တွေ သုံးပြီး လေကြောင်း တိုက်ခိုက် တာတွေ ပြုလုပ် ခဲ့တယ် လို့ ကေအိုင်အေ ဘက်က ပြောပါတယ်။

အစိုးရ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်တာတင် မက၊ လက်နက်ကြီး နဲ့ ဆက်တိုက် ပစ်ခတ် နေပြီး တချို့ နေရာ တွေမှာ မြေပြင် တိုက်ပွဲတွေ ရှိခဲ့တယ် လို့လည်း ဆိုပါတယ်။

ကေအိုင်အေ ရဲ့ ဌာနချုပ် လိုင်ဇာ အနီး လိုင်ဖောင် တောင်ကျော ပေါ်က ကေအိုင်အေ စခန်းတွေ ဖြစ်တဲ့ ဂီဒွန်နဲ့ လိုင်ဖောင် စ ခန်းတွေ မှာ တိုက်ပွဲ ဖြစ်နေတယ် လို့ ကေအိုင်အေ ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူ က ဘီဘီစီ ကို ပြောပါတယ်။

အကျဆုံး အသေအပျောက် စာရင်းကို နှစ်ဘက် စလုံးက မထုတ်ပြန် ပါဘူး။

လိုင်ဇာ ဌာနချုပ်နဲ့ နီးနိုင်သမျှ နီးအောင် ကေအိုင်အေရဲ့ အရေးကြီးတဲ့ စခန်းတွေကို သိမ်းယူဖို့ အစိုးရ တပ်က ကြိုးစား နေတယ်လို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

၂၁ ရာစု ပင်လုံ ညီလာခံ အပြီး အစိုးရ တပ် ဘက်က တိုက်ပွဲ တွေ အရှိန် မြှင့်လာတာကို ဒေသခံ တွေ၊ အရပ်ဖက် အဖွဲစည်းတွေက ကန့်ကွက် နေသကြလို လွှက်တော် ကိုယ်စားလှယ်တွေ ကလည်း တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ တောင်းဆိုတာတွေ ရှိပေမယ့်လည်း တိုက်ခိုက်မှုတွေ လျော့ကျ သွားမယ့် အရိပ်အယောင် မတွေ့ရ သေးဘူးလို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ