ဖွဲ့စည်းပုံ ခုံရုံး အဖွဲ့ဝင် တချို့ကို အမတ်တွေ ကန့်ကွက်

  • 19 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် constitutional tribunal
Image caption နေပြည်တော်က ဖွဲ့စည်းပုံ ခုံရုံး

ဖွဲ့စည်းပုံ ခုံရုံး အဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ်နဲ့ ဦးတွယ်ကျင်ပေါင် တို့ကို ခန့်ထားတာဟာ အခြေခံ ဥပဒေနဲ့ မညီညွတ်ဘူး ဆိုပြီး ဝန်ကြီးဟောင်း ဦးစိုးသိမ်း ခေါင်းဆောင်တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တချို့က ခုံရုံးကို တင်သွင်း ခဲ့ကြပါတယ်။

ဒီလို ခုံရုံးမှာ ခန့်ထားမယ့် ပုဂ္ဂိုလ်ဟာ ဥပဒေ ဝန်ထမ်း သို့မဟုတ် တရားရေး ဌာန လုပ်သက် အနည်းဆုံး အနှစ် ၂ဝ ရှိရမယ် ဆိုတဲ့ အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အချက် ရှိပါတယ်။

ဒီပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေး ရာဇဝင်မှာ ဒီအချက်တွေ အပြည့်အစုံ မပါလာလို့ ဒီလို တင်သွင်း အရေးဆို ခဲ့တာလို့ ဒီစာမှာ လက်မှတ် ထိုးခဲ့သူတွေထဲက ရခိုင် ပြည်နယ် အမှတ် ၂ မဲဆန္ဒနယ်မြေ အမျိုးသား လွှတ်တော် အမတ် ဦးတက်ထွန်းအောင်က ပြောပါတယ်။

ဒီအတွက် ခန့်အပ်စဉ်ကလည်း တပ်မတော်ဘက်က ကန့်ကွက်ခဲ့ပါတယ်။

အခုလည်း တပ် ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေး အမတ်တွေ၊ ရခိုင် အမျိုးသား ပါတီ အမတ် တချို့ ပူးတွဲပြီး အမတ် ၂ဝ ကျော် လက်မှတ် ထိုး တင်သွင်း ခဲ့ကြတာ ဖြစ်ပါတယ်။

ခုံရုံးဘက်က ခုထိ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။

ဖွဲ့စည်းပုံ ခုံရုံးက ဆုံးဖြတ်ချက်ကို ခိုင်လုံမယ် ဆိုရင် လက်ခံသွားမယ် လို့လည်း ဆိုပါတယ်။