မြန်မာ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် အတည်ပြုပြဋ္ဌာန်း

  • 19 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Global News Light Of Myanmar
Image caption မြေအသုံးချခွင့် နဲ့ မြေပေါ်မှာ အာမခံမှု က ပိုမို ခိုင်မာ လာ

အောက်တိုဘာလ ၁၉ ရက်နေ့က မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အသစ် ကို အတည်ပြု ပြဌာန်း လိုက်ပါတယ်။

နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေနဲ့ နိုင်ငံတွင်းက နိုင်ငံသား လုပ်ငန်းရှင်တွေဟာ ရင်းနှီးမြှုပ်နှံမှုတွေ ကို အခု ဥပဒေသစ် နဲ့အညီလုပ်ဆောင်ရမှာ ပါ။

ဥပဒေသစ် ထဲမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူ တွေ အတွက် မြေအသုံးချခွင့် နဲ့ မြေပေါ်မှာ အာမခံမှု က ပိုမို ခိုင်မာ လာတယ်လို့ မြန်မာ့ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး က ပြောပါတယ်။

နိုင်ငံခြား က ရင်းနှီးမြှုပ် နှံသူတွေ အနေနဲ့ ပထမ ကနဦး နှစ်ငါးဆယ် မြေငှားရမ်း ခွင့် ရရှိမှာ ဖြစ်ပြီး နောက်ထပ် နှစ် ၂၀ ခွင့်ပြုမိန့်နဲ့ ထပ်မံ ငှားရမ်း ခွင့် ရတဲ့ အတွက် စုစုပေါင်း နှစ် ၇၀ အထိ ငှားရမ်း ခွင့် ရရှိမှာ ဖြစ်ပါတယ်။

အခု ဥပဒေ သစ် ထဲမှာ နိုင်ငံခြား ရင်းနှီးမြှုပ် နှံမှုတွေ အတွက် အာမခံ မှု တိတိကျကျ ပြဌာန်းထားပြီး ပြည်သူပိုင် မသိမ်း နိုင်တဲ့ အပြင် အကြောင်း တစ်ခုခု ပြပြီး လုပ်ငန်း ရပ်ဆိုင်း ခိုင်းတာမျိုးကိုလည် တားမြစ် ထားတယ်လို့ ဆိုပါတယ်။

နိုင်ငံခြား ကုမ္ပဏီ တွေ အနေနဲ့ ငွေကြေးစီမံခန့်ခွဲမှု ကို လွပ်လွပ်လပ်လပ် လုပ်ဆောင်ခွင့် ရအောင် လည်း ဥပဒေ သစ်မှာ ပြဌာန်း ပေးထားပါတယ်။

ပြည်တွင်း အသေးစား၊ အလတ်စား လုပ်ငန်းရှင်များ အတွက် အစိုးရ အနေနဲ့ ငွေကြေး ဆိုင်ရာ ပံ့ပိုးမှုတွေ၊ စွမ်းဆောင်ရည် မြှင့်တင် တာတွေကို ဥပဒေသစ် နဲ့ အညီ ဆောင်ရွက်ခွင့် ရမှာ ဖြစ်ပါတယ်။

အသေးစား၊ အလတ်စား လုပ်ငန်းရှင်များ က ထုတ်လုပ်တဲ့ ကုန်ချော ကို ပြည်ပကို ပြန်လည် တင်ပို့ဖို့ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ခဲ့ရင် တင်သွင်း လာတဲ့ ကုန်ကြမ်းကို အခွန် ကင်းလွတ်ခွင့် ပေးမယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ