မြန်မာ- ဗီယက်နမ် ကုန်သွယ်ရေး တိုးမြှင့်မယ်

  • 27 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် MOI
Image caption ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးဘဏ်(BIDV)က ထိပ်တန်း အရာရှိတွေနဲ့ Viettel Telecom Corporation အမှုဆောင် အရာရှိတွေကို သမ္မတ ဦးထင်ကျော် က သီးခြားစီ တွေ့ဆုံ

အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ဗီယက်နမ် နိုင်ငံကို တရား၀င် ရောက်ရှိနေတဲ့ မြန်မာ သမ္မတ ဦးထင်ကျော်ဟာ ဗီယက်နမ် သမ္မတ အိမ်တော်မှာ ကျင်းပတဲ့ မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံ ဆွေးနွေးပွဲကို အဖွဲ့ဝင်တွေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။

အဲဒီ အစည်းအဝေးမှာ ဗီယက်နမ် သမ္မတနှင့် ဝန်ကြီးတွေ ၊အဆင့်မြှင့်အရာရှိကြီးတွေလည်း တက်ရောက်ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို တိုးမြှင့်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှု ကဏ္ဍများ ပိုမို ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ တပ်မတော်များအကြား ဆက်ဆံမှုတိုးမြှင့်ဖို့နှင့် ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စရပ် တွေကို ဆွေးနွေးခဲ့ကြပြီး ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ သမ္မတ ဦးထင်ကျော်က ဗီယက်နမ် လုပ်ငန်းရှင် အသင်းရဲ့ မြန်မာပြည်တွင်း ရင်းနှီးမြုပ်နှံမှုတွေကို ကြိုဆိုလိုက်ပြီး သူ့အစိုးရ အနေနဲ့ ဘဏ် ၊ ဆက်သွယ်ရေး ၊ သတ္တုတွင်းနဲ့ ခရီးသွား လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ တိုးမြှင့်နိုင်အောင် စီစဉ် ဆောင်ရွက် ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

ဗီယက်နမ် နိုင်ငံဟာ မြန်မာပြည်မှာ အကြီးအကျယ် လာရောက် ရင်းနှီး မြုပ်နှံနေတဲ့ ကြတဲ့ ထိပ်တန်း ဆယ်နိုင်ငံထဲမှာ ပါ၀င်ပါတယ်။

ဗီယက်နမ် ရင်းနှီး မြုပ်နှံသူတွေက လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု နဲ့ အရည်အချင်း ၊ အရည်အသွေး အပြည့်အဝ ရှိပေမယ့် ပွင့်လင်းမြင်သာမှုနဲ့ မြန်မာ လူထု အတွက် ရေရှည် အကျိုး စီးပွား ဖြစ်ထွန်းစေမယ့် စွမ်းရည် မြှင့်တင်ရေး တွေမှာ အားနည်းသလို ဒေသခံ လူထု အကျိုးနဲ့ လူ့စွမ်းအား အရင်းအမြစ် တိုးမြှင့်ဖို့ သင်တန်း ပို့ချရေး လုပ်တာတွေ မတွေ့ရဘူးလို့ ဗီယက်နမ် အခြေစိုက် Annam Group ရဲ့ အကြီးအကဲ ဒေါ်စုစုတင်က ပြောပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ သမ္မတ ဦးထင်ကျော်ဟာ (၇) ကြိမ် မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးနှင့် (၈) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (CLMV) ထိပ်သီး အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကိုလည်း တက်ရောက် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ