ညှဉ်းပန်းမှုနဲ့ဖမ်းခံရတဲ့ အပ်ချုပ်ဆိုင်ရှင် ရုံးထုတ်မယ်

  • 27 အောက်တိုဘာ 2016
Image caption အင်းဝ အပ်ချုပ်ဆိုင်ရှင်တွေကို ဖမ်းဆီးထား

အိမ်အကူ မိန်းကလေး နှစ်ယောက်ကို ညှဉ်းပန်း နှိပ်စက်မှုနဲ့ ဖမ်းဆီး တရားစွဲ ခံထားရတဲ့ အင်းဝ အပ်ချုပ်ဆိုင်ရှင်တွေကို အနောက်ပိုင်း ခရိုင် တရားရုံးမှာ သောကြာနေ့ ရုံးထုတ်ဖို့ ရှိပါတယ်။

သူတို့ကို လူကုန်ကူးမှု၊ ကလေးသူငယ် ဥပဒေ၊ အပြင်းအထန် နာကျင်စေမှု၊ ကလေးငယ်တွေကို မတရား ချုပ်နှောင်မှု စတဲ့ ပုဒ်မတွေနဲ့ တရားရုံးမှာ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ပြီးမှ စွဲချက် တင်သင့် မတင်သင့် ဆုံးဖြတ်သွားမှာ ဖြစ်ပြီး အဲဒီ အဆင့်တွေ ပြီးမှ တရားလို ဘက်ကို စစ်လို့ ရမှာ ဖြစ်ပါတယ်။

တရားခံ တချို့က သူတို့ ကျူးလွန်ကြောင်း ဝန်ခံထားပြီး တချို့က မသိကြောင်း၊ မသက်ဆိုင်ကြောင်း ငြင်းဆိုထားတယ်လို့ ဒီ အမှုကို ကနဦး ဖော်ထုတ်ခဲ့တဲ့ သတင်းသမား ကိုဆွေဝင်းရဲ့ ဥပဒေ အကြံပေး တစ်ယောက် ဖြစ်တဲ့ ဦးခင်မောင်မြင့် က ပြောပါတယ်။

သူတို့ကို စွဲထားတဲ့ ပြစ်မှုတွေက ကြီးလို့ အာမခံ ပေးဖို့ ခက်တယ်လို့လည်း သိရပါတယ်။