စစ်တွေမှာ အစိုးရတပ် လက်နက်တိုက် ပေါက်ကွဲလို့ လူတွေ ထိတ်လန့်

  • 7 နိုဝင်ဘာ 2016
Image caption စစ်တွေ လေဆိပ်ကို စောင့်ကြပ်နေတဲ့ အစိုးရ စစ်တပ် လုံခြုံရေး။

ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် အစိုးရ စစ်တပ်ရဲ့ ဒေသကွပ်ကဲရေးဌာနချုပ် ဒစက ရဲ့ လက်နက်တိုက် ပေါက်ကွဲ ခဲ့တာဟာ ရာသီဥတု ဒဏ်ကြောင့် ယမ်းယိုစိမ့် တာကနေ ဖြစ်ခဲ့တဲ့ မတော်တဆ ဖြစရပ် အနေနဲ့ ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှုး ဦးတင်မောင်ဆွေက ပြောပါတယ်။

လက်နက်တိုက် ပေါက်ကွဲမှု အတွင်း ၇၆ မမ အမြောက်ဆံ အလုံးရေ ၂၄ဝ ဆုံးရှုံး ခဲ့ရတယ်လို့ ရခိုင် ပြည်နယ် အစိုးရက ထုတ်ပြန်ပါတယ်။

ဒါပေမယ့် ၁၂ဝ မမ အလုံးရေ ၂၄ဝ ကိုတော့ ထိန်းသိမ်း နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီ ဖြစ်ရပ် အတွင်း လူ အသေအပျောက် အထိအခိုက် မရှိခဲ့ပေမယ့်၊ ပေါက်ကွဲ မီးလောင်မှုကြောင့် မြို့လူထု စိုးရိမ် ထိတ်လန့် ခဲ့ရပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်နေတုန်း အခုလို ပြည်နယ် မြို့တော်ပေါ်မှာ လက်နက်တိုက် ပေါက်ကွဲမှု ဖြစ်လာတဲ့ အတွက် လူတွေကြား သို့လောသို့လောနဲ့ မေးခွန်းတွေ ရှိလာခဲ့ပြီး သတင်း အမျိုးမျိုး ပြန့်နှံ့ ခဲ့ရတယ်လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ် စည်ပင် ဝန်ကြီး ဦးမင်းအောင်က သတင်းထောက် တချို့နဲ့ တွေ့ဆုံပြီး ဒီ ဖြစ်ရပ်ဟာ သိုလှောင် ထားတဲ့ ခဲယမ်း မီးကျောက်တွေရဲ့ ချို့ယွင့်ချက် ကြောင့်သာ ဖြစ်တယ်လို့ ရှင်းလင်းခဲ့တဲ့ အတွက် လူ့ ပယောဂကြောင့် မဟုတ်ဘူးလို့ ယူဆ နိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ