ရန်ကုန်မှာ ပွိင့်တူးတူး ကျည် တစ်ရာကျော် ရှာဖွေ တွေ့ရှိ

  • 7 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Yangon Police
Image caption ဘယ်သူ တွေ လာရောက် စွန့်ပစ်ထား ခဲ့တယ် ဆိုတာကို စိစစ် နေဆဲ

နိုဝင်ဘာလ ၆ ရက်နေ့ ညနေပိုင်း က ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ် စွယ်တော် ဘုရား အနီးက ကန်ဘောင်လမ်း မှာ ပွိုင့်တူးတူး ကျည်ဆန် တစ်ရာ့ လေးဆယ်ကျော် ကို ကလေး နှစ်ဦး က ရှာဖွေ တွေ့ ရှိခဲ့ပြီး ရဲတပ်ဖွဲ့ ဆီကို အကြောင်း ကြား အပ်နှံခဲ့ကြပါတယ်။

ကိုကိုထက် နဲ့ အောင်ဟိန်းမင်း ဆိုတဲ့ ကလေး နှစ်ယောက်က ကျည်ဆန် တွေကို ရှာဖွေ တွေ့ ရှိခဲ့တာဖြစ်ပါတယ်။

ကျည်ဆန် တွေကို ရှာဖွေ တွေ့ ရှိတဲ့ ကလေး ၂ ဦး ဟာ ကန်ပေါင် လမ်း က ကား ရပ်နား တဲ့ နေရာမှာ ကူညီ လုပ်ကိုင် ပေးနေကြတဲ့ ကလေး တွေ ဖြစ်ပါတယ်။

အထုပ် နှစ်ထုပ် ရှာဖွေ တွေ့ ရှိခဲ့ရပြီး၊ တစ်ထုပ်မှာ ပွိုင့်တူးတူး ကျည် ၉၁ တောင့် နဲ့ နောက်ထပ် တစ်ထုပ် ထဲမှာ ပွိုင့်တူးတူး ကျည် ၅၀ တောင့် ရှာဖွေ တွေ့ ရှိခဲ့ ရတယ်လို့ သိရပါတယ်။

ကား ရပ်နား တဲ့ အစောင့်က ရာအိမ်မှူး ကို အကြောင်းကြား ခဲ့ပြီး အဲဒီ ကမှ တဆင့် ရဲတပ်ဖွဲ့ ထံကို သတင်းပေးပို့ ခဲ့တာ ဖြစ်ပါတယ်။

ပွိုင့်တူးတူး ကျည်ဆန် ဖြစ်ကြောင်း ရဲအရာရှိက အတည်ပြု ပြောကြား ပေမယ့် ဘယ်သူ တွေ လာရောက် စွန့်ပစ်ထား ခဲ့တယ် ဆိုတာကို စိစစ် နေဆဲ ဖြစ်တယ်လို့ ရဲအရာရှိက ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ