မြစ်ဆုံ စီမံကိန်း စိစစ်ရေးကော်မရှင် သုံးသပ်ချက် ထုတ်ပြန်ဖို့ ရှိ

  • 10 နိုဝင်ဘာ 2016
Image caption ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်က မြစ်ကို မှီခို နေထိုင် ကြတဲ့ ပြည်သူ တွေရဲ့ အသံတွေလည်း သုံးသပ်ချင် ထဲမှာ ပါဖို့ သင့်တယ်လို့ ဦးဝင်းမျိုးသူက ပြော

မြစ်ဆုံ စီမံကိန်း နဲ့ ပတ်သက်လို့ မြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းတွေကို လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင် ရဲ့ သုံးသပ်ချက် ကို နိုဝင်ဘာ ၁၁ ရက် နေ့မှာ နိုင်ငံတော် သမ္မတ ဆီကို ပေးပို့တဲ့ အစီရင် ခံစာ ကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။

လူတွေ သိချင်နေကြတဲ့ အချက်တစ်ချက် ဖြစ်တဲ့ စီမံကိန်း နဲ့ ပတ်သက်လို့ တရုတ် နိုင်ငံနဲ့ စာချုပ် ဘယ်လို ချုပ်ထားသလဲ ဆိုတဲ့ အချက်တွေ ကော်မရှင် ရဲ့ တွေ့ရှိချက် ထဲမှာ ဖော်ပြ ရင် ကောင်းမယ်လို့ စိမ်းလန်း အမိမြေ အသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောပါတယ်။

လေ့လာ စိစစ်သုံးသပ်ရေး ကော်မရှင်က ကြားခံ အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး စီမံကိန်း နဲ့ ပတ်သက်လို့ ကောင်းတဲ့ အချက် တွေသာ မက၊ ဆိုးရွားစွာ ထိခိုက်မှု ရှိနိုင်တဲ့ ကိစ္စတွေကိုလည်း တင်ပြပေး နိုင်ရင် ပိုကောင်းမယ်လို့ သူက ဆိုပါတယ်။

ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်က မြစ်ကို မှီခို နေထိုင် ကြတဲ့ ပြည်သူ တွေရဲ့ အသံတွေလည်း သုံးသပ်ချင် ထဲမှာ ပါဖို့ သင့်တယ်လို့ ဦးဝင်းမျိုးသူက ပြောပါတယ်။

စီမံကိန်း နဲ့ ပတ်သက်ပြီး ကောင်းကျိုး နဲ့ ဆိုးကျိုး နှိုင်းယှဉ်ကာ ကောင်းကျိုးများမှ ဆက်လက် ဆောင်ရွက် သင့်တယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် က သုံးသပ် ထားပါတယ်။

ဒါပေမယ့် ကောင်းကျိုးနဲ့ ဆိုးကျိုးကို နှိုင်းယှဉ်တဲ့ အခါမှာ ဘယ်ရှုထောင့် ကနေ ချည်းကပ် သလဲ ဆိုတာကလည်း အလွန် အရေးကြီး ကြောင်းနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး၊ ပတ်ဝန်းကျင် လုံခြုံရေး ဆိုင်ရာ ရှုထောင့် ကနေ ကြည့်ဖို့လိုပြီး ကော်မရှင် အနေနဲ့ ရှုထောင့် အစုံကနေ လေ့လာ သုံးသပ်မှု ရှိရဲ့လား ဆိုတာကိုလည်း စိုးရိမ် မိတယ်လို့ သူက ဆိုပါတယ်။

စီမံကိန်း လေ့လာ သုံးသပ်ရေး ကော်မရှင် ဟာ ဒေသခံ တွေ နဲ့ အချိန်အနည်း ငယ်သာ တွေ့ ဆုံ ခဲ့ကြတယ် ဆိုတဲ့ ပြောကြား မှုတွေလည်း ရှိနေ ကြောင်းနဲ့၊ မြစ်ဆုံ စီမံကိန်း နဲ့ ပတ်သက်လို့ ကော်္မရှင် ဘက်က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်း၊ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ နဲ့ တွေ့ ဆုံ ဆွေးနွေး တာမျိုးလည်း မရှိခဲ့ကြောင်း ဦးဝင်းမျိုးသူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ