ခါကာဘိုရာဇီ ဒေသ ကမ္ဘာ့ သဘာဝ အမွေအနှစ် ဖြစ်ရေး UNESCO လေ့လာ

  • 12 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၈ ခုနှစ် မှာ ယူနက်စ်ကို ရဲ့ဆုံးဖြတ်ချက်ကို ကြေညာမယ်

မြန်မာပြည်က ခါကာဘိုရာဇီ ဒေသ ကို ကမ္ဘာ့ သဘာဝ အမွေအနှစ် (Natural World Heirtage) နေရာ အဖြစ် အသိအမှတ် ပြုဖို့ အတွက် ကုလသမဂ္ဂ ယူနက်စ်ကို အဖွဲ့ က လေ့လာ ဆန်းစစ် နေပါတယ်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ရဲ့ ကမ္ဘာ့ သဘာဝ အမွေ အနှစ် နေရာ အဖြစ် အသိအမှတ် ပြုပေး ဖို့ အဆိုပြုချက်ကို ယူနက်စ်ကို က လက်ခံ ခဲ့ပြီး ကျွမ်းကျင် ပညာရှင်တွေကို စေလွှတ်ပြီး ကွင်းဆင်း စစ်ဆေး မှုတွေ ပြုလုပ် နေပါ တယ်။

ကမ္ဘာ့ သဘာဝ အမွေအနှစ် အဖြစ် အသိအမှတ် ပြုမပြု ဆိုတာကို ၂၀၁၈ ခုနှစ် မှာ ယူနက်စ်ကို ရဲ့ဆုံးဖြတ်ချက်ကို ကြေညာမှာ လည်း ဖြစ်ပါတယ်။

သက်ဆိုင်ရာ ကချင်ပြည်နယ် ဒေသခံ အစိုးရ အဖွဲ့တွေ၊ ဒေသခံ ပြည်သူတွေ နဲ့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့လည်း ယူနက်စ်ကို အဖွဲ့က တွေ့ဆုံ ခဲ့တယ်လို့ သိရပါတယ်။

ဟိမဝန္တာ တောင်တန်း ဒေသမှာ ခါကာဘိုရာဇီ ဒေသက ဇီဝ မျိုးစုံ မျိုးကွဲ တွေ အများ အပြား ရှိနေပြီး၊ ဇီဝ မျိုးစိတ် အသစ် တွေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ယူနက်စ်ကို ဘက်က ဆိုပါတယ်။

ခါကာဘိုရာဇီ ဒေသက ဧရိယာ အကျယ်အဝန်း ဟက်တာ တစ်သိန်းလောက် ကို ကမ္ဘာ့သဘာဝ အမွေအနှစ် စာရင်း သွင်းဖို့ ဆောင်ရွက်နေပါတယ်။

မြန်မာ နိုင်ငံမှာ ယူနက်စ်ကို က သတ်မှတ် ပေးထားတဲ့ သဘာဝ အမွေအနှစ် စာရင်းဝင် တဲ့ နေရာ တစ်ခုမှ မရှိသေးပါဘူး။

ခါကာဘိုရာဇီ ဒေသ ကတော့ လူသူ အရောက်အပေါက်နည်း တဲ့ အပြင် ဇီဝ မျိုးကွဲ မျိုးစုံ ရှိတာကြောင့် ထိန်းသိမ်း ကာကွယ် ရမယ့် နေရာလည်း ဖြစ်ပါတယ်။

ခါကာဘိုရာဇီ ဒေသနဲ့ အတူ မြန်မာ့ မြောက်ဖျား တောင်ပေါ် ဆက်စပ် သစ်တောများ၊ ဟူးကောင်း ချိုင့်ဝှမ်း ဘေးမဲ့တော၊ အင်းတော်ကြီးကန် ဘေးမဲ့တော၊ နတ်မတောင် အမျိုးသား ဥယျာဉ်၊ ဧရာဝတီ မြစ်ဝှမ်း စင်္ကြန်၊ တနင်္သာရီ ဆက်စပ် သစ်တော ဒေသ တွေကို လည်း ကမ္ဘာ့ သဘာဝ အမွေအနှစ် စာရင်းဝင် ဖြစ်ဖို့ ဆောင်ရွက် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ