၆၆(ဃ) နဲ့ စွဲဆို ထားမှု တွေကို ရုတ်သိမ်းပေးဖို့ PEN Myanmar တောင်းဆို

  • 15 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် PEN Myanmar
Image caption အခု တလောမှာတော့ ဒီ ပုဒ်မ ၆၆ နဲ့ အရေးယူမှုတွေဟာ ပြင်းထန်လွန်းလှတယ်လို့ ဉီးမျိုးမြင့်ညိမ်းက ပြော

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ( ဃ ) အပါအ၀င် ၂၀၁၄ မှာ သတင်း မီဒီယာ ဥပဒေတွေကို ပြည်ထောင်စု လွှတ်တော်မှာ ပြန်လည် သုံးသပ် ပြင်ဆင် ပေးဖို့နဲ့ ၊ ပုဒ်မ ၆၆ ( ဃ )နဲ့ လတ်တလော စွဲဆိုထားတဲ့ အမှုတွေကို ပိတ်သိမ်း ပယ်ဖျက်ပေးဖို့ PEN Myanmar အဖွဲ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) က ဒီမိုကရေစီ အခြေခံ ကျင့်စဉ် တွေနဲ့ လွဲနေတဲ့ အားနည်းချက်တွေ ရှိတဲ့ အတွက် ပြန်လည် သုံးသပ်ပေးဖို့ တောင်းဆိုရတာလို့ Pen Myanmar ဒါရိုက်တာ ဉီးမျိုးမြင့်ညိမ်းက ပြောပါတယ်။

ဒီဥပဒေ အရ ၂၀၁၃ ကနေ ၂၀၁၅ အထိ အရင် အစိုးရ လက်ထက်မှာ တရားစွဲဆို ခံရသူ ၇ ဉီး ရှိခဲ့ပြီး ငါးဉီးက ပြစ်ဒါဏ် ကျခံခဲ့ရသလို အခု လက်ရှိ အရပ်သား တင်မြှောက်ထားတဲ့ အစိုးရ လက်ထက်မှာ ခုနှစ်လ အတွင်း အရေးယူ ခံရသူ ၂၉ ထိ ရှိလာပါတယ်။ အ

ဲဒီ တရားစွဲဆိုမှုတွေကို ပြန်လည် စီစစ်ကြည့်တဲ့ အခါကျိုးကြောင်း ဆီလျော်မှု မဲ့နေတာတွေလည်း တွေ့ရတယ်လို့ ဉီးမျိုးမြင့်ညိမ်းက ဆိုပါတယ်။

မီဒီယာတွေ အနေနဲ့ ကျင့်၀တ် သိက္ခာနဲ့ အညီ လိုက်နာမူ ရှိဖို့ ဆိုတာက တခြား မီဒီယာ ဥပဒေတွေ ရှိနှင့်ထားပြီး ဖြစ်သလို မီဒီယာ ကောင်စီလည်း ရှိနေတာကြောင့် ထိန်းကျောင်းပေမယ့် အဖွဲ့လည်း ရှိနေပြီး ဖြစ်ပါတယ်။

အခု တလောမှာတော့ ဒီ ပုဒ်မ ၆၆ နဲ့ အရေးယူမှုတွေဟာ ပြင်းထန်လွန်းလှတယ်လို့ ဉီးမျိုးမြင့်ညိမ်းက ပြောပါတယ်။

အခု လတ်တလောမှာတော့ တပ်မတော် ကာကွယ်ရေး ဉီးစီးချုပ်ကို ဝေဖန်တဲ့ သူတွေ ၊ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ် ပြောဆိုသူတွေကို ဒီ ပုဒ်မ ၆၆ ဃ နဲ့ အရေးယူမှု များလာတာကြောင့် ဒီဥပဒေဟာ အာဏာပိုင် အဖွဲ့အစည်းကို ထိခိုက်လာရင် အရေးယူတဲ့ ဉပဒေ ပုဒ်မမျိုးလို ဖြစ်လာနေတယ်လို့ ဉီးမျိုးမြင့်ညိမ်းက ပြောပါတယ်။

တချိန်တည်းမှာ CPJ ဆိုတဲ့ နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ ကလည်း မြန်မာအစိုးရထံသို့ စာတစ်စောင် ရေးသားပေးပို့ကာ မြန်မာနိုင်ငံ၏ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိန်းချုပ် ကန့်သတ်ထားသော ဥပဒေ များစွာကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် တောင်းဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ