လွှတ်တော် အစည်းအဝေး မှာ အစိုးရကို ထိန်းကျောင်းမယ်လို့ အမတ်တွေဆို

  • 15 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Hluttaw
Image caption ကုန်ဈေးနှုန်း တွေ မြင့်တက် လာတာနဲ့ပတ်သက်လို့အစိုးရအနေနဲ့ဘယ်လို ဆောင်ရွက်ပေးမလဲ ဆိုတဲ့ မေးခွန်း ကို မေးမယ်

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့အမျိုးသား လွှတ် တော် တတိယ ပုံမှန်အစည်း အဝေးတွေကို ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။

Nld ပါတီကဦးဆောင်တဲ့ လွှတ်တော်သက်တမ်းဟာ လွှတ်တော် သက်တမ်းကလဲ တစ်နှစ်နီးပါရှိလာပါပြီဖြစ်တ အတွက်လွှတ်တော် ရဲ့အဓိက တာဝန်ဖြစ်တဲ့ အစိုးရနဲ့ အပြန်အလှန် ထိန်းကျောင်း တာနဲ့ ပတ်သက်လို့ မေးခွန်း ထုတ်လာပါပြီ။

ဒီတစ်ကြိမ် လွှတ်တော် အစည်းအဝေး မှာတော့ ကိုယ်စားလှယ်တွေဟာ အတွေ့ အကြုံများလာ တာရယ်၊ မဲဆန္ဒရှင်ပြည်သူတွေ ဆီကို ကွင်းဆင်း ထိတွေ့ ထားတာ တွေကြောင့် အစိုးရကို မေးမြန်းစရာ မေးခွန်းတွေ ရှိလာမှာ ဖြစ်တယ်လို့ ပန်းတောင် မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က ပြောပါတယ်။

ဒါကြောင့် ဒီတစ်ကြိမ်လွှတ်တော်မှာတော့ မေးခွန်းတွေ၊ အဆိုတွေ ပိုများလာ နိုင်တယ်လို့လွှတ်တော် ကိုယ်စားလှယ် တွေက ပြောပါတယ်။

လွတ်တော် စတင်မဲ့နေ့မှာမေးမြန်းတဲ့မေးခွန်းတွေကို ကြည့်တဲ့ အခါမှာလဲ ကုန်ဈေးနှုန်း တွေ မြင့်တက် လာတာနဲ့ပတ်သက်လို့အစိုးရအနေနဲ့ဘယ်လို ဆောင်ရွက်ပေးမလဲ ဆိုတဲ့ မေးခွန်း ကို မေးမယ်လို့ ဒေါ်ခင်နှင်းသစ် က ပြောပါတယ်။

ပြီးခဲ့တဲ့လွှတ်တော်တွေအစည်းအဝေးနှစ်ကြိမ်မှာတော့ အစိုးရ ကို အခက်အခဲ ဖြစ်စေမဲ့မေးခွန်းတွေ အဆိုတွေ မမေးဖို့nld ပါတီက အကြီးအကဲတွေကိုကိုယ်တိုင်သူတို့ကိုယ်စားလှယ်တွေကိုတားမြစ်ထားတာတွေ ရှိခဲ့ပါတယ်။

ပထမအကြိမ် လွှတ်တော်မှာတုန်း ကတော့ တော့ အစိုးရအဖွဲ့ကို အပြန်အလှန် ထိန်းကျောင်းတဲ့ မေးခွန်းတွေ၊ အဆိုတွေ ထိထိ ရောက် ရောက်မေးနိုင်ခဲ့ပါတယ်။

ဒီတစ်ကြိမ်လွှတ်တော်မှာတော့ အစိုးရကို အပြန်အလှန်ထိန်း ကျောင်းတဲ့လွှတ်တော်မျိုးဖြစ်လာစေချင်တယ်လို့ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးဖေသန်းက ပြောပါတယ်။

တတိယ အကြိမ် ပုံမှန် အစည်းအဝေး တွေမှာ အစိုးရအဖွဲ့ရဲ့ ဖြည့်စွက် ဘဏ္ဍာငွေ ကိစ္စကို အဓိက ဆွေးနွေးဖို့ရှိပါတယ်။

ရပ်ကျေး ဥပဒေ အပါအဝင် ဥပဒေကြမ်း ၇ ခု ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်း ကော်မတီ ကို တင်ပြ ထားတယ်လို့သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ