ကာကွယ်ရေးအတွက် အသုံးစရိတ် ထပ်တောင်း

  • 18 နိုဝင်ဘာ 2016
Image caption တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ

အစိုးရအဖွဲ့ တစ်ခုလုံးအနေနဲ့ စီမံကိန်းတွေ လစာတွေ အသုံးစရိတ်တွေ အတွက် ဖြည်စွက် ဘဏ္ဍာ ငွေကျပ် ဘီလီယံ ၁၃၀ဝ ကျော် သုံးစွဲခွင့်ပြုဖို့ ပြည်ထောင်စုလွှတ်တော်ကို တောင်းခံထားပါတယ်။

ဖြည်စွက် ဘဏ္ဍာငွေပေးဖို့ တောင်းဆိုထားတဲ့ ဝန်ကြီးဌာနတွေမှာတော့ ကာကွယ်ရေးနဲ့ လယ်ယာ စိုက်ပျိုး မွေးမြူရေး ၊ ဆည်မြောင်း ဝန်ကြီးဌာနတို့က အများဆုံးဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီး ဌာန အနေနဲ့ ကျပ်ဘီလီယံ ၁၀ဝ ကျော် ထပ်မံတောင်းခံထားတာ ဖြစ်ပြီး ၀န်ထမ်း လစာ ၊ ခရီးသွားလာစရိတ် ၊ စစ်လက်နက်ပစ္စည်းဝယ်ယူရေးနဲ့ တပ်မတော်လေရဲ့ အရေးကြီး ပစ္စည်းအတွက် ပေးချေဖို့တွေ အတွက် တောင်းခံထားတာ ဖြစ်ကြောင်း သိရပါတယ်။

ကာကွယ်ရေး၀န်ကြီးဌာန အနေနဲ့ အခုလို ဘဏ္ဍာငွေ ထပ်တောင်းခံရခြင်းဟာ ပြီးခဲ့တဲ့ စစ်ဆင်ရေးကာလမှာ အသုံးပြုခဲ့ရတဲ့ လက်နက် ခဲယမ်းတွေ ပြန်လည် ၀ယ်ယူဖို့ ဖြစ်တယ်လို့ တပ်မတော်အရာရှိဟောင်းလဲဖြစ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သူ ဦးဝင်းသန်းက သုံးသပ်ပါတယ်။

ဒါ့အပြင် လက်ရှိကာကွယ်ရေး ဦးစီးချုပ်လက်ထက်မှာ လေတပ်နဲ့ ပတ်သက်ပြီး အဆင့်မြှင့်တင်ဖို့ အစီအစဉ် ရှိတဲ့ အတွက်အခုလို ဘဏ္ဍာငွေ ထပ်မံတိုးတောင်းတာဖြစ်နိုင်တယ်လို့ လေ့လာသူ တချို့က ဆိုပါတယ်။

ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်တွေမှာ လျော့နည်းခဲ့ပေမဲ့ NLD အစိုးရ လက်ထက်မှာ ပညာရေးနဲ့ ကျန်းမာရေးအတွက် ဘတ်ဂျက်မိုပိုသုံးစွဲလာပြီး အခုဖြည့်စွက် ဘတ်ဂျက်မှာလဲ လူမူ ဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွေ အတွက်ဘတ်ဂျက်တိုးမြှင့်ထား တယ်လို့ ပြည်သူ့ လွှတ်တော် ပြည်သူ့ ငွေစာရင်းကော်မတီ ဥက္ကဌ ဦးအောင်မင်း က ပြောပါတယ်။

ပြီးခဲ့တဲ့ ကြံခိုင်ရေးပါတီ အစိုးရ လက်ထက်ကလဲ တချို့နှစ်တွေမှာ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ဖြည့်စွက် ဘဏ္ဍာငွေ ထပ်မံတောင်းဆိုတာတွေ ရှိခဲ့ဖူးသလို လွှတ်တော်အနေနဲ့လည်း စီစစ် ဖြတ်တောက်တာတွေရှိခဲ့ဖူး ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ