မောင်တောနားက ရွာမှာ ပစ်ခတ်မှုဖြစ်ပြီး မီးလောင်

  • 24 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ရွာတွေကို မီးရှို့မှု မောင်တောမြို့နယ်မှာ ဖြစ်ပွားခဲ့

သောကြာနေ့ မနက်အစောကြီး ညဉ့် ၂ နာရီခန့်မှာ မောင်တောမြို့နယ်တောင်ပိုင်း ကျေးရွာ တခုကနေ သေနတ်ပစ်ခတ်သံအချို့ ထွက်ပေါ်လာပြီးနောက် ရွာကို မီးလောင်နေတယ်လို့ သိရပါတယ်။

အခု မီးလောင်တဲ့ ရွာဟာ မောင်တောမြို့နယ် တောင်ပိုင်း ဒုချရားတန်းကျေးရွာအုပ်စု နရူလာကျေးရွာဖြစ်ပါတယ်။

မီးလောင်နေတာကို ၂ ဖာလုံခန့်ဝေးတဲ့ ကင်းချောင်းရခိုင် တိုင်းရင်းသားကျေးရွာ ကလည်း မြင်နေရတယ်လို့ ပြောပါတယ်။

အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့် ရဲစခန်းတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် အောက်တိုဘာလ အတွင်းကလဲ အခုမီးလောင်နေတဲ့ ဒုချရားတန်းကျေးရွာအုပ်စု နရုလာ ကျေးရွာမှာ အကြမ်းဖက် စီးနင်းသူတွေနဲ့ တပ်မတော် အကြား တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့ပါသေးတယ်။

ဒီတကြိမ်မှာတော့ သေနတ်သံတွေထွက်ပေါ်လာပြီးနောက် ရွာကိုပါ မီးလောင်နေတာ ဖြစ်ပါတယ်။

ဒေသခံ အနီးအနားက ကျေးရွာသားတွေ အခြေအနေကို ဆက်လက် မေးကြည့်တော့ အခု မီးလောင်တာ၊ သေနတ်သံတွေ ထွက်ပေါ်လာတာဟာ ညဉ့်အချိန် ဖြစ်တဲ့ အတွက် ဘာကြောင့် ဖြစ်တယ်ဆိုတာတော့ မသိရသေးသလို အပျက်အစီး အဆုံးအရှုံး ဘယ်လောက်ရှိကိုလည်း မပြောသေးဘူးလို့ ဆိုပါတယ်။

အရင်က တိုက်ပွဲတွေ၊ ရွာတွေကို မီးရှို့မှု ဖြစ်စဉ်တွေဟာ မောင်တောမြို့နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တာများကြီး အခု တကြိမ် ကတော့ မောင်တောမြိုနယ် တောင်ပိုင်းမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ