ကိုဖီ အာနန် မောင်တော ဒေသ ကို သွားရောက် ဖို့ ရှိ

  • 26 နိုဝင်ဘာ 2016
Image caption လူတွေလည်း အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေး မှုတွေလည်း ဆက်လက် ဖြစ်ပေါ်နေဆဲ

ရခိုင်ပြည်နယ် အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီ အာနန်ဟာ ရခိုင်ပြည်နယ်ကို နိုဝင်ဘာ လကုန်ပိုင်းမှာ လာရောက်မှာ ဖြစ်ပါတယ်။

ကိုဖီ အာနန် က နိုဝင်ဘာလ ၂၉ ရက်နေ့မှာ မြန်မာပြည်ကို ရောက်ရှိမယ်လို့လည်း သိရပါတယ်။

ရခိုင်ဒေသ အနှံ့ သွားရောက်ပြီး တည်ငြိမ် အေးချမ်းရေး နဲ့ နှစ်ဘက် အုပ်စု တွေ ငြိမ်းချမ်းစွာ အတူ နေနိုင်ရေး အတွက် အစိုးရ ကို အကြံပေးဖို့ လာရောက် တာ ဖြစ်တယ်လို့ ရခိုင် ပြည်နယ် အကြံပေး ကော်မရှင် အဖွဲ့ဝင် ဦးအေးလွင် က ပြောပါတယ်။

မောင်တောမြို့နယ် အတွင်းမှာ တိုက်ပွဲငယ်တွေနဲ့ မီးရှို့မှုတွေလဲ ကြိုကြား ကြိုကြား ဖြစ်ပေါ်နေပြီး လူတွေလည်း အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေး မှုတွေလည်း ဆက်လက် ဖြစ်ပေါ်နေဆဲပါ။

ကိုဖီအာနန် ရခိုင် ပြည်နယ် ကို လာရောက်တာ က မောင်တော အရေးကိစ္စ တစ်ခု တည်းတင် မဟုတ်ဘဲ ရခိုင် ပြည်နယ် တစ်ခု လုံး အရေး အတွက် အစိုးရ ကို အကြံပေး ဖို့သာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင် အဖွဲ့ဝင် ဦးအေးလွင် က ပြောပါတယ်။

ဆူပူ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ် နေတဲ့ အချိန်မှာ ကိုဖီ အာနန် က ရခိုင် ပြည်နယ် ကို သွားရောက်တဲ့ အတွက် ပြည်တွင်းပြည်ပ က အထူး စိတ်ဝင်စားမှုတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ