ဗကသ ကျောင်းသားထု ညီလာခံ ဖြစ်ရေး အကြိုဆွေးနွေး

  • 27 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် 88 generation students
Image caption ဗဟိုလုပ်ငန်းကော်မတီကို တရားဝင်ဖျက်သိမ်းမှာ ဖြစ်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ (ဗကသ) က ဦးဆောင်ပြီး ကျောင်းသားထု ညီလာခံ ဖြစ်မြောက်ရေး အကြိုအစည်းအဝေးကို ကရင်ပြည်နယ် ဘားအံမှာ ကျင်းပပြုလုပ်နေပါတယ်။

အစည်းအဝေးကို ဗကသမဟုတ်တဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ ပြည်နယ် တွေက ကျောင်းသားသမဂ္ဂအဖွဲ့ဝင် အယောက် (၂၀၀) လောက် တက်ရောက်နေပါတယ်။

(၃) ရက်ကြာ အစည်းအဝေးမှာ ဗကသ ဗဟိုလုပ်ငန်းကော်မတီဝင်တွေ အားလုံးနှုတ်ထွက်ပြီး ဗဟိုလုပ်ငန်းကော်မတီကို တရားဝင်ဖျက်သိမ်းမှာ ဖြစ်ပါတယ်။

ဒီနောက်တော့ ဗကသ ခေါင်းဆောင်အသစ် တွေကို ရွေးချယ် တင်မြှောက် ပြီး ခေါင်းဆောင်အသစ်တွေကနေ ကျောင်းသားသမဂ္ဂတွေ အားလုံး ပါဝင်မယ့် ကျောင်းသားထု ညီလာခံ ကျင်းပနိုင်ဖို့ အစီစဉ်တွေ ချမှတ်မှာဖြစ်ပါတယ်။

ဦးဆောင် ကော်မတီ ဖွဲ့စည်းပြီးတာနဲ့ ကျောင်းသားထု ညီလာခံ ကို ကျင်းပဖို့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင် က ပြောပါတယ်။

ဦးဆောင် ကော်မတီ ဖွဲ့စည်းရေး ကဏ္ဍမှာ အငြင်းပွားစရာ တွေ ဖြစ်လာပြီး အစည်းအဝေး ကနေ ထွက်ခွာ သွားမှု တွေလည်း ရှိခဲ့ပြီး ဒါကိုလည်း ညှိနှိုင်း နေကြပါတယ်။

ကျောင်းသားထု ညီလာခံ ကို ဗကသ က လွှမ်းမိုး ကျင်းပ ပေးတာမျိုး မဟုတ်ဘဲ တစ်နိုင်ငံလုံးက ကျောင်းသာထု တွေ ပါဝင်လာအောင် ဗကသ က ဦးဆောင် ကျင်းပ ပေးတာမျိုး ဖြစ်တယ်လို့လည်း တာဝန်ခံ တစ်ဦး က ပြောပါတယ်။

ကျောင်းသာထု ညီလာခံမှာ မတူညီ တဲ့ အမြင်တွေကို အားလုံး ဝိုင်းပြီး အဖြေရှာသွားမယ်လို့ ညီလာခံ ဖြစ်ဖို့ ဦးဆောင် နေတဲ့ ဗကသ အဖွဲ့တာဝန် ရှိသူ က ပြောကြားသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ