ကာလုံအစည်းအဝေးခေါ်ဖို့ ၁၃ ပါတီတောင်းဆို

  • 28 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် democratic party myanmar facebook
Image caption တိုင်းပြည် အတွက် နဲ့ ပြည်သူလူထု အတွက် အရေးကြီး တဲ့ အခြေ အနေ ရောက်ရှိနေ

မြန်မာ နိုင်ငံ မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အထွေထွေ အကျပ် အတည်း တွေကို ထိထိ ရောက်ရောက် ကိုင်တွယ် ဖြေရှင်း နိုင်ရေး အတွက် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်း အဝေး အမြန်ဆုံး ခေါ်ယူဖို့ နိုင်ငံရေး ပါတီတွေ စုပေါင်း တောင်းဆို လိုက် ပါတယ်။

နိုင်ငံ အတွင်း လတ်တလော ပြဿနာ တွေကို အစိုးရရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ ပတ်သက်လို့ ဝေဖန် ပြစ်တင် ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ဒီမိုကရက်တစ် ပါတီ မြန်မာ အပါ အဝင် ၁၃ ပါတီက ပူးတွဲ ထုတ်ပြန်တဲ့ သဘောထား ကြေညာ ချက်မှာ ဖော်ပြ ထားတာပါ။

ရခိုင် ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေ အနေ တွေဟာ နိုင်ငံ တကာနဲ့ ဆက်စပ် နေတဲ့ အကြမ်းဖက် အဖွဲ့ အစည်း တွေရဲ့ အကြမ်းဖက် လုပ်ရပ် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန် ကြေညာ ဖို့လည်း သူတို့က တောင်းဆို ပါတယ်။

ကြေညာချက်ထဲမှာ ပါဝင်တဲ့ ပါတီ တခု ဖြစ်တဲ့ ဒီမိုကရက်တစ် ပါတီ မြန်မာ က ဥက္ကဌ ဉီးသုဝေ ကတော့ တိုင်းပြည် အတွက် နဲ့ ပြည်သူလူထု အတွက် အရေးကြီး တဲ့ အခြေ အနေ ရောက်ရှိ နေတယ်လို့ ဘီဘီစီ ကိုပြော ပါတယ်။

လက်ရှိ အစိုးရ အနေနဲ့ ဘယ်လို ဖြေရှင်းမယ် ဘယ်လို အခြေ အနေ ရှိတယ် ဆိုတာ ထုတ်ဖေါ်ပြောသင့်တယ်လို့ ဦးသုဝေက ပြောပါတယ်။

ဒီတော့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်း အဝေး အမြန်ဆုံး ခေါ်ယူပြီး ညီညီညွတ်ညွတ် ဆောင်ရွက်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ