ဗကသ CWC ကို အမှုဆောင် သစ်တွေနဲ့ ဖွဲ့စည်း

  • 29 နိုဝင်ဘာ 2016
Image caption ဘားအံမြို့ ကြားတောရ ကျောင်းမှာ ၃ ရက်ကြာ စည်းဝေး

ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ ရဲ့ CWC လို့ ခေါ်တဲ့ ဗဟို လုပ်ငန်း ကော်မတီ ကို အလုပ်အမှု သစ် ၂၁ ယောက် ရွေးချယ် တင်မြှောက်ပြီး ပြန်လည် ဖွဲ့စည်း လိုက်ပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့က ကြားတောရ ကျောင်းတိုက်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေး မှာ တင်မြှောက် ခဲ့တာပါ။

အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်တဲ့ သပိတ်ကို ဦးဆောင်ခဲ့တဲ့ CWC အမှုဆောင် တွေ အနားယူ နှုတ်ထွက် ခဲ့ကြပြီး အသစ် ပြန်လည် ဖွဲ့စည်းတာ ဖြစ်ပါတယ်။

ဗကသ က ကြီးမှုး ကျင်းပမယ့် ကျောင်းသားထု ညီလာခံ အတွက် ဘားအံမြို့ ကြားတောရ ကျောင်းမှာ ၃ ရက်ကြာ အကြို စည်းဝေး ခဲ့ကြရင်း အခုလို ဗဟို လုပ်ငန်း ကော်မတီ ကို တက္ကသိုလ် ပေါင်းစုံက သူတွေနဲ့ အသစ် ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။

ဗကသ ရဲ့ ငြိမ်းချမ်းရေး မူကို ကိုင်စွဲရင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို ပြည်နယ် ကျောင်းသား သမဂ္ဂ တွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်၊ ကျောင်းသားနဲ့ ပြည်သူကို အခြေခံတဲ့ ပညာရေး စနစ် ပေါ်ပေါက် လာဖို့ ကြိုးစား မယ်၊ ဗကသများ အဖွဲ့ချုပ် ကွန်ဂရက်စ် ဖြစ်မြောက်ရေး ကော်မတီကို ၆ လ အတွင်း ဖွဲ့မယ် စတာ တွေ ပါဝင် တဲ့ ကြေညာ ချက် ကိုလည်း အခု အသစ်ဖွဲ့လိုက်တဲ့ CWC က ထုတ်ပြန် လာပါတယ်။

အစည်းအဝေး ကာလ ထဲမှာတော့ မကျေလည်မှုတွေ ရှိခဲ့လို့ ကျောင်းသား သမဂ္ဂ တချို့က ကိုယ်စားလှယ်တွေ ပြန်သွားကြတာမျိုး ဖြစ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ