ရှမ်းမြောက် အရေးကြီး အဆို လွှတ်တော်မှာ ပြောမယ်

  • 29 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Pyithu hluttaw facebook
Image caption နိုင်ငံရဲ့ အချုပ် အချာ အာဏာ ထိပါးမူ တရား ဥပဒေ စိုးမိုးမူ တည်ငြိမ် အေးချမ်းမူနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အား ထိခိုက် စေခြင်း တို့ကို လွှတ်တော် က စိုးရိမ်

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွား နေတဲ့ တိုက်ပွဲ တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း အရေးကြီး အဆိုကို ဆွေးနွေးဖို့ ပြည်သူ လွှတ်တော်က လက်ခံ လိုက် ပါတယ်။

ဒီအရေးကြီး အဆိုကို ကြံခိုင်ရေး ပါတီ မိတ္တီလာ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက တင်သွင်း ခဲ့တာပါ။

အပြစ်မဲ့ ပြည်သူတွေ မလိုလား အပ်ဘဲ သေဆုံး ဒဏ်ရာ ရမှုတွေနဲ့ စစ်ရှောင် ဒုက္ခသည်တွေ ဖြစ်စေတာ၊ ၂၁ ရာစု ပင်လုံ ညီလာခံကို ထိခိုက် စေမှာ ဖြစ်တဲ့ အတွက် ဒါတွေကို ဆက်မဖြစ် စေဖို့ အရေးကြီး အဆို တင်သွင်း ခဲ့ရတာ လို့ ဒေါက်တာ မောင်သင်းက ပြောပါတယ်။

ဒီအဆိုနဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က နိုင်ငံရဲ့ အချုပ် အချာ အာဏာ ထိပါးမူ တရား ဥပဒေ စိုးမိုးမူ တည်ငြိမ် အေးချမ်းမူနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အား ထိခိုက် စေခြင်း တို့ကို လွှတ်တော် က စိုးရိမ် တဲ့ အရေး အကြီး အဆို ဖြစ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ် တွေကို ရှင်းပြခဲ့ ပါတယ်။

KIA တအာင်းပလောင် တပ်မတော်နဲ့ ကိုးကန့် အဖွဲ့ MNDAA ပူးပေါင်း အဖွဲ့တွေဟာ နိုဝင်ဘာလ ၂၀ ရက် နေ့က စလို့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန် ကို ဝင်တိုက်ခဲ့ပြီး အဲဒီ နောက်ပိုင်း က စလို့ ရှမ်းမြောက် ဒေသကမြို့နယ် အချို့မှာ မြန်မာ့ တပ်မတော်နဲ့ နေ့တိုင်း လိုလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့ တာပါ။

အခုလို တိုက်ပွဲတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အဆို တင်ရုံနဲ့ မြောက်ပိုင်း ဒေသမှာ ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေဟာ လျောကျသွားမှာ မဟုတ်ဘူးလို့ လည်း တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေက ပြောဆိုနေကြပါတယ်။

ဒီအဆိုနဲ့ ပတ်သက်ပြီး မကြာခင် လွှတ်တော်မှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

လတ်တလော တိုက်ပွဲတွေ ဆက်တိုက် ဖြစ်လာတဲ့ အတွက် မူဆယ်မြို့နယ် ထဲမှာ စစ်ဘေးရှောင် ဒုက္ခသည် ၁၀၀၀ ကျော် လောက် ခိုလှုံ နေရ သလို တရုတ် နိုင်ငံ ဘက်ကိုလည်း ထွက်ပြေးကြတဲ့ အတွက် တရုတ် နိုင်ငံဘက်က စစ်ဘေးရှောင် ဒုက္ခသည် ကို လက်ခံထား ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ