ငြိမ်းချမ်းရေး ဖြစ်စဉ် ပျက်စီး နေပြီလို့ ကေအိုင်အေ တုံ့ပြန်

  • 7 ဒီဇင်ဘာ 2016
Image caption ကချင် လက်နက်ကိုင် ကေအိုင်အေ စစ်သားတွေ

ဒီဇင်ဘာ ၇ ရက် နေ့က ပြုလုပ်ခဲ့တဲ့ ရှမ်းပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေး ကနေ မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် တွေကို အကြမ်းဖက် အဖွဲ့တွေ အဖြစ် မဲခွဲ ဆုံးဖြတ် အတည် ပြုခဲ့ ပါတယ်။

ဒါဟာ အစိုးရ စစ်တပ်ဘက်က သူတို့ လိုချင်တဲ့ ဘောင်ကို မရမက သွပ်သွင်းပြီး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ပျက်စီး သွားတာပဲလို့ ကချင် လွတ်မြောက်ရေး တပ် KIA က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် မြန်မာ့ နိုင်ငံရေး တစ်ခုလုံး နောက်ကြောင်း ပြန်လှည့် သွားပြီး၊ တိုင်းရင်းသား တွေ ဘက်က တပ်မတော် အပေါ် မှာရော၊ ဒေါ်အောင်ဆန်းစုကြည် က လက်တွေ့အရ ဦးဆောင်မှု ပေးနေတဲ့ အစိုးရ အပေါ် မှာပါ ယုံကြည်မှု ဆုံးရှုံး သွား တယ် လို့လည်း KIA နည်းပညာ အထောက်အကူ ပြုအဖွဲ့ ပြောခွင့်ရ ဦးဒေါင်ခါး က ဆိုပါတယ်။

တခါ၊ TNLA တအာန်း ပလောင်အဖွဲ့ ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော် ကလည်း ရှမ်းပြည်နယ် လွှတ်တော်တွင်း ဆုံးဖြတ်ချက် ဟာ တပ်မတော် ဘက်က မြောက်ပိုင်း မဟာမိတ် အဖွဲ့အပေါ် လူ့စည်း ဘီလူးစည်း ခွဲပြီး ဘယ်လောက် ခါးခါးသည်း ရှိသလဲ ဆိုတာ ဖော်ပြ လိုက်တာပဲ လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် လွှတ်တော် ကနေ ဒီလို သတ်မှတ် တာဟာ မြန်မာ့ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပိုမို ရှုပ်ထွေး ထိခိုက် လာနိုင်တယ် ဆိုပြီး ပြည်နယ် လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ ဝေဖန်သံတွေ ထွက်နေပါတယ်။

ပြည်ထောင်စု လွှတ်တော်မှာလည်း ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်တွေကို အကြမ်းဖက် အဖွဲ့တွေ အဖြစ် သတ်မှတ်ဖို့ တပ်မတော် ကိုယ်စားလှယ် တွေဘက်က ဆွေးနွေး ခဲ့ကြပေမယ့် အတည်ပြုတဲ့ အဆင့်ထိတော့ မရောက်ရှိ နိုင်ခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ