NLDရဲ့ လွှတ်တော်တွင်းကော်မတီ ဥက္ကဌ ၂ယောက် တာဝန်က ဖယ်ရှားခံရ

  • 10 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Pyithu Hluttaw
Image caption နောက်ထပ် တိုင်ကြားခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို အရေးယူဖို့ ဆက်လက် စစ်ဆေးမှုတွေလုပ်ဖို့ရှိ

အမျိုးသားလွှတ်တော်ရဲ့ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဌ ဦးဇုံလယ်ထန်းနဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ကော်မတီဥက္ကဌ ခွန်ဝင်းသောင်းတို့ကို ကော်မတီဥက္ကဌ တာဝန်ကဖယ်ရှားဖို့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ NLDပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်လိုက်တယ်လို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် ဘီဘီစီကို ပြောပါတယ်။

ဒီကော်မတီ ဥက္ကဌ နှစ်ယောက်ဟာ ပါတီရဲ့ စည်းမျဉ်း စည်းကမ်းကိုချိုးဖေါက်လို့ အရေးယူတာဖြစ်ပေမယ့် ဒီကော်မတီတွေထဲမှာတော့ အဖွဲ့ဝင်အဖြစ် ဆက်ရှိနေမယ်မှာ ဖြစ်ပါတယ်။

နောက်ထပ် တိုင်ကြားခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ နဲ့ ဒုဥက္ကဌတို့ ကိစ္စမှာ သက်ဆိုင်သူတွေကို ဒီဇင်ဘာလ ၁၁ရက်မှာ စစ်ဆေးဖို့ ရှိတယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ လူမှုရေးဖောက်ပြန်လို့ တိုင်းကြားခံရတာဆိုပြီး သတင်းတွေထွက်နေသလို တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနဲ ဒုဥက္ကဌတို့ကလဲ တနင်္သာရီတိုင်း လွှတ်တော်အဆောက်အဦ ဆောက်မယ့် တင်ဒါကို သူတို့ ဆွေးမျိုးတွေကိုပေးခဲ့လို့ အတိုင်ခံရတာလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးတုန်းကလဲ ပါတီစည်းကမ်းဖောက်ဖျက်ခဲ့သူ ဒေါက်တာစိုးမိုးသူ၊ ဦးစိန်းဝင်းနဲ ့ဦးညဏ်လင်းတို ့ကို အရေးယူတဲ့အနေနဲ့ လွှတ်တော် ကော်မတီရာထူးတွေကနေ ဖယ်ရှားခံခဲ့ရဖူးပါတယ်။

နောက်ထပ် တိုင်ကြားခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို အရေးယူဖို့အတွက် ဆက်လက် စစ်ဆေးမှုတွေပြုလုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ