ရိုဟင်ဂျာ လှေ တွေကို မြန်မာဘက် ပြန်လှည့် ခိုင်းခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ပြော

  • 11 ဒီဇင်ဘာ 2016
Image caption နတ်မြစ်ထဲ ကင်းလှည့်နေတဲ့ ဘာဂလားဒေ့ရှ် ကမ်းစောင့်တပ်

ရိုဟင်ဂျာ တွေကို တင်ဆောင်ပြီးရခိုင် ကနေ ဝင်လာတဲ့ လှေငယ်ပေါင်း အနည်းဆုံး ၁၃ စီးကို မြန်မာ နိုင်ငံဘက် ပြန်လည် စေလွှတ် ခဲ့တယ် လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်ခြားစောင့် တပ်က ပြောပါတယ်။

နှစ်နိုင်ငံ နယ်ခြား မြစ်ဖြစ်တဲ့ နတ်မြစ်ထဲ အဲဒီ့ လှေငယ်တွေကို ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့က တားစီး ခဲ့ပြီး မြန်မာ့ ရေပိုင်နက်ထဲ ပြန်လည် စေလွှတ် ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မငြိမ်မသက် မှု တွေ ဖြစ်လာ ခဲ့တဲ့ နောက် အစုလိုက် အပြုံလိုက် ထွက်ပြေး လာကြတဲ့ ရိုဟင်ဂျာ တွေ နယ်စပ် ဖြတ်ကျော် ဝင်ရောက် လာတာ တားဆီး နိုင်ဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က လုံခြုံရေး တင်းကြပ် ထားပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂရဲ့ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီရဲ့ အဆိုအရ အခု သီတင်းပတ် တွေ အတွင်း ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်း ရောက်လာကြတဲ့ ရိုဟင်ဂျာ အရေအတွက် တစ်သောင်း ကျော် ရှိတယ်လို့ ဆိုပါတယ်။

မြန်မာ နယ်ခြားစောင့် ရဲ စခန်းတွေ တိုက်ခိုက် ခံခဲ့ရ အပြီး အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေ ရဲ့ တုံ့ပြန် ဆောင်ရွက် လာကြ တာတွေထဲ ရိုဟင်ဂျာ အရပ်သားတွေ ပါ ပစ်မှတ်ထား ခံနေရတယ် ဆိုတဲ့ နိုင်ငံတကာ စွပ်စွဲ ဝေဖန်သံ တွေ ထွက်ပေါ် နေပါတယ်။

မြန်မာ အစိုးရ ကတော့ အဲဒီ့ စွပ်စွဲမှု တွေကို ငြင်းပယ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ