ထိုင်ဝမ်အရေး ဒေါ်နယ်ထရမ့် ပြောဆိုမှု တရုတ် အလွန် စိုးရိမ်

  • 12 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption တဘက်နဲ့တဘက် အပေးအယူမရှိဘဲ ဒီမူဝါဒကိုဆက်ကျင့်သုံးဖို့ အကြောင်းရှာ မရဘူးလို့ ဒေါ်နယ်ထရမ့် ပြော

အမေရိကန်က နှစ်ပေါင်းများစွာ အသိအမှတ်ပြု ထားခဲ့တဲ့ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တယ်ဆိုတဲ့ ရပ်တည်ချက်ကို ဆက်လက် စွဲကိုင်ချင်မှ စွဲကိုင်မယ်လို့ ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ပြောဆိုမှုကို တရုတ် အစိုးရက အလွန်အမင်း စိုးရိမ်ကြောင်း ထုတ်ဖော် ပြောလိုက် ပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ တနင်္ဂနွေနေ့က ရုပ်မြင်သံကြား မေးမြန်းခန်းမှာ မစ္စတာ ထရမ့်က တရုတ်ရဲ့ One-China policy တစ်ပြည်ထောင်မူ ဆိုတာကို ထောက်ခံမှု ပေးဖို့ ဆိုတာ ကုန်သွယ်ရေးလို တခြား ကိစ္စရပ်တွေနဲ့ ဆက်စပ် ပြီးမှသာ စဉ်းစားမယ်လို့ မစ္စတာ ထရမ့်က ပြောခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်ကိစ္စဟာတရုတ်ရဲ့အချုပ်အခြာအာဏာနဲ့ နယ်နိမိတ်တည်တံ့ခိုင်မြဲရေးနဲ့ဆိုင်သလို တရုတ်ရဲ့ အဓိကအကျိုးစီးပွားလည်းဖြစ်ပါတယ်။

ထိုင်ဝမ်ကိစ္စရဲ့ ထိလွယ်ရှလွယ်ရှိတာကို အပြည့်အဝ အသိအမှတ်ပြုဖို့ လိုတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ ပုဂ္ဂိုလ် ဂမ်ရွှမ်း Gen Shaung က မစ္စတာ ထရမ့်ကို တိုက်တွန်း ခဲ့ပါတယ်။

ထိုင်ဝမ်ကိစ္စဟာ တရုတ်ရဲ့အချုပ်အခြာ အာဏာနဲ့ နယ်နိမိတ် တည်တံ့ခိုင်မြဲရေးနဲ့ ဆိုင်သလို တရုတ်ရဲ့ အဓိက အကျိုးစီးပွားလည်း ဖြစ်ကြောင်းနဲ့ တရုတ် တစ်ပြည်ထောင်မူကို အသိအမှတ် ပြုတာဟာ အမေရိကန် တရုတ်ဆက်ဆံရေးကို တိုးတက်စေတဲ့ နိုင်ငံရေး အခြေခံမူဖြစ်လို့ ဒီအခြေခံ ပျက်ယွင်းမယ် ဆိုရင် တရုတ်အမေရိကန် ဆက်ဆံရေးနဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေကို ထိခိုက်နိုင် တယ်လို့လည်း သူက ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ