စစ်တပ် အတွက် ဖြည့်စွက် ဘဏ္ဍာငွေ ကျပ် ဘီလီယံ ၁ဝဝ ကျော် ကို လွှတ်တော် ခွင့်ပြု

  • 13 ဒီဇင်ဘာ 2016
Image caption ကာကွယ်ရေး ဝန်ကြီး ဌာန ဟာ စုစုပေါင်း အစိုးရ ဘတ်ဂျက်ရဲ့ ၁၄ % ကျော် ကျော် ရရှိ

၂ဝ၁၆-၁၇ ဘဏ္ဍာနှစ် အတွင်း သုံးစွဲဖို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထပ်မံ တောင်းခံ ထားတဲ့ ဖြည့် စွက် အသုံးစရိတ် ဘတ်ဂျက်ကို ပြည်ထောင်စု လွှတ်တော်က ခွင့်ပြု လိုက်ပါတယ်။

စစ်သည် တွေရဲ့ လစာ ရိက္ခာတွေ၊ စစ်တပ်ပိုင် စီးပွားရေး ဖြစ်တဲ့ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း အောက်က စက်ရုံတွေရဲ့ လည်ပတ် စရိတ်တွေ အပါအဝင် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူဖို့ အသုံး စရိတ် လိုအပ် တဲ့ အတွက် စစ်တပ်က တောင်းခံတဲ့ ဖြည့်စွက် ဘဏ္ဍာငွေကို ခွင့်ပြု ရတာ ဖြစ်တယ်လို့ ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးအောင်မင်း က ပြောပါတယ်။

ကာကွယ်ရေး ဝန်ကြီး ဌာန ဟာ စုစုပေါင်း အစိုးရ ဘတ်ဂျက်ရဲ့ ၁၄ % ကျော် ကျော် ရရှိ ထားတဲ့ အပြင် အခုလို ထပ်မံ တောင်းခံတဲ့ ဖြည့်စွက် ဘဏ္ဍာငွေ ငွေကျပ် ဘီလီယံ တစ်ရာကျော် လည်း ခွင့်ပြု ခံရတာ ဖြစ်ပါတယ်။

ဝန်ကြီး ဌာန အားလုံး က ထပ်မံ တောင်းခံ ခဲ့တဲ့ ဖြည့်စွက် ဘဏ္ဍာငွေ ကျပ်ငွေ ဘီလီယံပေါင်း ၁၃ဝဝ ကျော် ရှိ ခဲ့ပေမယ့်၊ လွှတ်တော်က အားလုံးကို ခွင့်မပြုပဲ ဘီလီယံ ၆ဝ ကျော် ဖြတ်တောက် ပြီးမှ ခွင့်ပြု ခဲ့ပါတယ်။

ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍ တွေမှာ ပြည်သူ့ ဘဏ္ဍာငွေ တွေ ထဲက သုံးစွဲတဲ့ အသုံးစရိတ် ကို ကြည့်ရင် တော့ ဘတ်ဂျက် စုစုပေါင်းရဲ့ ၈% နဲ့ ၆% အသီးသီး ရှိတာ တွေ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ