ဒီဇင်ဘာလ တစ်လအတွင်း မူးယစ်ဆေးတွေ စံချိန်တင် ဖမ်းမိ

  • 20 ဒီဇင်ဘာ 2016
Image caption တရားဥပဒေ လက်လှမ်းမမီတဲ့ နေရာ ကနေ ထုတ်လုပ် ခဲ့တာတွေကို လည်း တွေ့ ရှိ

ဒီဇင်ဘာလ အတွင်းမှာ ရှမ်းပြည်နယ် ကွန်ဟိန်း နဲ့ တာချီလိတ် မြို့နယ် တွေမှာ ကျပ် သိန်းပေါင်း ခြောက်ထောင့် ခုနှစ်ရာကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူ၊ ဘိန်းမဲ စိတ်ကြွ ဆေးပြားတွေ ဖမ်းဆီးရမိ ခဲ့ပါတယ်။

တခါ တနင်္သာရီတိုင်း မြိတ် မြို့နယ် နဲ့ ဘုတ်ပြင်း မြို့နယ် ရေပိုင်နက်မှာ ကျပ် သိန်းပေါင်း တစ်သောင်း ရှစ်ထောင် ကျော် တန်ဖိုး ရှိတဲ့ မူးယစ် ဆေးဝါးတွေ ဖမ်းဆီး ရမိခဲ့ပါတယ်။

ရှမ်းပြည်နယ်မှာ ဘိန်းဖြူတွေကို စိုက်ပျိုး ထုတ်လုပ်မှုတွေ ရှိနေတဲ့ အတွက် အဲဒီ ဒေသ တွေကနေ မူးယစ် ဆေးဝါး တွေ သယ်ဆောင်လာတာ ဖြစ်တယ်လို့ မူးယစ် ဆေးဝါး တားဆီး နှိမ်နှင်းရေး ဌာနမှူး ဒုတိယ ရဲမှူးကြီး မြင့်အောင် က ပြောပါတယ်။

မြန်မာ ပြည်အောက်ပိုင်းဒေသတွေမှာ စိုက်ပျိုး ထုတ်လုပ်ခြင်း မရှိပေမယ့် မူးယစ် ကုန်သွယ်တဲ့ နေရာတွေ အများအပြား ရှိနေပြီး ရခိုင်ပြည်နယ် ဘက်မှာ ဆိုရင်လည်း မူးယစ် ဆေးဝါး ကုန်သွယ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အများအားဖြင့် ဥပဒေနဲ့ လက်လှမ်း မမီတဲ့ တရားဥပဒေ မစိုးမိုးတဲ့ နေရာတွေမှာ မှာ ရဲအင်အား တိုးမြှင့်ချထားတာမျိုး၊ မူးယစ်ဆေးဝါး သယ်ယူ သူတွေရဲ့ ဝင်လမ်း၊ ထွက်လမ်း တွေကို ပိတ်ဆို့ ရှာဖွေ တာမျိုး ပြုလုပ်ခဲ့လို့သာ အခုလို မူးယစ် ဆေးဝါး အများအပြားကို ဖမ်းဆီးရမိ ခဲ့တာလို့ ဒု ရဲမှူးကြီး က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နဲ့ နယ်စပ် က ရခိုင်ပြည်နယ်မှာလည်း မူးယစ်ဆေးဝါး အများအပြား ကို ဖမ်းဆီး ရမိခဲ့ပြီး ပြည်မ ကနေ ရေလမ်း၊ ကုန်းလမ်း နဲ့ မူးယစ် ဆေးဝါး တွေကို တခြား နိုင်ငံတွေ ဘက်ကို သယ်ထုတ် နေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး ထုတ်လုပ်မှုက ရှမ်းတောင်၊ ရှမ်းမြောက် နဲ့ ရှမ်း အရှေ့တွေမှာ ထုတ်လုပ်မှု က ပိုများပြီး အဲဒီကနေမှ တဆင့် ပြည်မ ကို ဖြတ်ပြီး နည်းအမျိုးမျိုး နဲ့ သယ်ဆောင် နေကြပါတယ်။

မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး လုပ်ငန်း တွေကို စနစ်တကျနဲ့ လုံ့လ စိုက်ပြီး ဆောင်ရွက် လာခဲ့တဲ့ အတွက် အခုလို ပမာဏ များပြား တဲ့ မူးယစ် ဆေးဝါး တွေကို ဖမ်းဆီး ရမိခဲ့တာလို့ ဒုရဲမှူးကြီး မြင့်အောင်က ပြောပါတယ်။

မူးယစ်ဆေးဝါး နဲ့ ဖမ်းဆီး ရမိခဲ့သူတွေ ရှိပေမယ့် တကယ့် နောက်ကွယ်က ထုတ်လုပ် နေတဲ့ သူတွေကို ဖမ်းဆီးရမိဖို့ အတွက် စစ်ဆေး နေတုန်းပဲ ရှိသေးတယ် လို့လည်း ပြောပါတယ်။

ထုတ်လုပ်တဲ့ သူတွေက အဆင့်ဆင့် သယ်ဆောင်ခဲ့တဲ့ အတွက် နောက်ဆုံး အဆင့်က တရားဥပဒေ လက်လှမ်းမမီတဲ့ နေရာ ကနေ ထုတ်လုပ် ခဲ့တာတွေကို လည်း တွေ့ ရှိခဲ့ရတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ