နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့နဲ့ လဝကတွေ့

  • 21 ဒီဇင်ဘာ 2016
Image caption နိုင်ငံသားကတ်အတွက် အစ္စလာမ် လူကြီးတွေနဲ့ အစိုးရဘက်တွေ့ဆုံ

နိုင်ငံသား စိစစ်ခံရမယ့်သူရဲ့ သက်သေခံ ကဒ်ပြား လို့ ဆိုတဲ့ အစိမ်းရောင် သက်သေခံကဒ် ထုတ်ပေးခြင်း နဲ့ ပတ်သက်လို့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးက တာ၀န်ရှိသူတွေနဲ့ အလုပ်သမား ၊ လူ၀င်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဦးစီးဌာန က အရာရှိတွေ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးက ဆွေးနွေးချက်တွေထဲမှာ နိုင်ငံသား စိစစ်ရေး ကဒ် လျှောက်ထားတဲ့သူတွေကို အစိမ်းရောင်ကဒ်တွေ မထုတ်ပေးဘဲ ပန်းရောင် နိုင်ငံသား ကဒ်ပြားတွေ ထုတ်ပေးဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။

ဒီလို အစိမ်းရောင်ကတ်တွေ ထုတ်ပေးခဲ့လို့ ဒီလို ကတ်ပြားကိုင်သူတွေကို တရားမဝင် ဝင်လာတယ်လို့ အထင်ခံရဖူးကြောင်း၊ ဒါကြောင့် ဒီကတ်တွေ ထုတ်မပေးဘဲ မှန်ကန်စွာ စစ်ဆေးပြီး နိုင်ငံသား ဖြစ်သင့်သူတွေကို စိစစ်ရေး ကတ် ထုတ်ပေးဖို့ လိုတယ်လို့ ဘာသာရေး ခေါင်းဆောင်တွေ ဘက် က ဆွေးနွေးခဲ့ပါတယ်။

အစိုးရ ဘက်ကလည်း ကတ်ပြား မရခင် ပညာသင်ကြားရေး အတွက် အခက်အခဲ ရှိသူတွေကို ဦးစားပေး စိစစ်ပေးနေတယ်လို့ ဆိုပြီး ဒီလို စိစစ်ရေးတွေ မြန်ဆန်လာအောင် စီမံချက်ချ ဆောင်ရွက်နေကြောင်း ပြောပါတယ်။

၁၉၈၂ နိုင်ငံသား စိစစ်ရေး ဥပဒေမှာ ဒီလို အစိမ်းရောင်ကတ်တွေ အကြောင်း ထည့်သွင်းဖော်ပြတာ မရှိလို့ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့က ဟာဂျီ ဦးကျော်ခင်က ပြောပါတယ်။