အမြန်လမ်းမှာ ယာဉ် မတော်တဆမှု ထပ်မံ ဖြစ်ပွား

  • 22 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Aung Ko Oo Facebook
Image caption အရှိန်နဲ့ မောင်းနှင်တုန်း တာယာဘီး ပေါက်ပြီး တံတား နှစ်စင်းကြား ထိုးကျ

နေပြည်တော် နဲ့ ရန်ကုန်ကြား မိုင်တိုင်အမှတ် ၉၁မိုင် ၄ ဖာလုံမှာ မန္တလာမင်း ကားလိုင်းက ခရီးသည်တင် ဘတ်စ်ကား တိမ်းမှောက် သွားတဲ့ အတွက် ယာဉ်မောင်း အပါအဝင် ကျား-၄၊ မ-၃ စုစုပေါင်း ၇ ယောက် သေဆုံး သွားတယ်လို့ အမြန်လမ်းက တာဝန်ကျ ရဲ အရာရှိ တစ်ဦးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။

အဲဒီ ဘတ်စ်ကားဟာ နေပြည်တော် ကနေ ရန်ကုန်ကို အလာ အရှိန်နဲ့ မောင်းနှင်တုန်း တာယာဘီး ပေါက်ပြီး တံတား နှစ်စင်းကြား ထိုးကျ ခဲ့တာ ဖြစ်တယ်လို့ အဲဒီ ရဲအရာရှိက ပြောပါတယ်။

ယာဉ်ပေါ် ပါလာသမျှ လူ ၄၅ ယောက် ထဲမှာ အမျိုးသမီး တစ်ယောက် ထိခိုက် ဒဏ်ရာ မရတာ ကလွဲပြီး ကျန်တဲ့သူတွေလည်း ဒဏ်ရာ အသီးသီး ရခဲ့ကြတယ်လို့ ဆိုပါတယ်။

သေဆုံးသူ တွေရဲ့ ရုပ် အလောင်း တွေ ရော၊ ဒဏ်ရာ ရသူတွေကိုပါ မြို့ချောင်း တိုက်နယ် ဆေးရုံ ကို ခေါ်ဆောင် သွား ခဲ့ပါတယ်။

လူတချို့ အသက် သေဆုံး လောက်အောင် ဖြစ်ခဲ့တဲ့ ဒီ ယာဉ်မှောက်မှု နဲ့ ပတ်သက်ပြီး ဥပဒေကြောင်း ဆက်လက် အရေးယူ ဆောင်ရွက် သွားမယ်လို့ ရဲ အရာရှိက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ