အရပ်သား အစိုးရ လက်ထက်မှာ တောင်သူတွေ အကာအကွယ်မဲ့နေ

  • 23 ဒီဇင်ဘာ 2016
Image caption အရပ်သား အစိုးရ လက်ထက်မှာ အကာအကွယ်မဲ့နေတဲ့ တောင်သူတွေ

တောင်ကြီးမြို့နယ် ရေပူရွာက တောင်သူ အများအပြားကို စစ်တပ်က တရားစွဲပြီး တရားရုံး က ထောင်ဒဏ် တွေ ချမှတ်လိုက်တဲ့ ကိစ္စ နဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်အမတ် တယောက် က စစ်တပ် အနေနဲ့ တရားစွဲဆိုပိုင်ခွင့် မရှိဘူး လို့ ကန့်ကွက် ပြောဆိုလိုက်ပါတယ်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ပိုင် မြေအတွင်းမှာ ကျူးကျော်လုပ်ကိုင်တယ်ဆိုပြီး စစ်တပ် ကတရားစွဲဆို ပြီးတဲ့နောက် တောင်သူ အမျိုးသမီးတွေ အပါအ၀င် စုစုပေါင်း တောင်သူ ၇၂ ယောက် ဟာ တလ က နေ ၆ လထိ ကြာမြင့်တဲ့ ထောင်ဒဏ် တွေ ချမှတ်ခံခဲ့ရပါတယ်။

တောင်သူတွေ ဟာ ဓားမဦးချ မူလ လုပ်ကိုင်ခဲ့တဲ့ သူတွေ ဖြစ်ပြီး သူတို့မြေတွေ သိမ်းခံခဲ့ရတာ ဖြစ်ကြောင်းလည်း အဲဒီ NLD လွှတ်တော်အမတ် ဦးစိန်ဝင်းက ဘီဘီစီ ကို ပြောပါတယ်။

တောင်သူလယ်သမားတွေ အခုလို အကာအကွယ်မဲ့နေတဲ့ အဖြစ် ကနေ လွတ်ကင်းအောင် အစိုးရ က လုပ်မှာလား ၊ လွှတ်တော်က လုပ်ပေးမှာလား ဆို တာ ကလည်း မရေမရာ အခြေအနေမှာ ရှိနေတယ်လို့ သုံးသပ်ပြောနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ