RCSS နဲ့ TNLA နယ်မြေ အချင်းများ ရင်ဆိုင် တိုက်ပွဲ ဖြစ်

  • 25 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် TNLA
Image caption နမ္မတူ မြို့နယ်မှာ ရှိတဲ့ ပန်လုံ ရွာက အမျိုးသမီး တစ်ဦးလည်း သေဆုံး

ရှမ်းပြည်နယ်၊ နမ္မတူ ဒေသထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်း တွေ အထိ၊ ရှမ်းပြည် တောင်ပိုင်း တပ်မတော် RCSS နဲ့ တအာင်း လွတ်မြောက်ရေးတပ် TNLA တို့ အကြား ထိတွေ့ ပစ်ခတ် မှုတွေ ရှိ ခဲ့ပါတယ်။

အဲဒီ နှစ်ဖွဲ့ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေ တွေ့ဆုံဖို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ကြားဝင် ညှိနှိုင်း ပေးနေပေမယ့်လည်း မအောင်မြင် နိုင်ဖြစ် နေပါတယ်။

နယ်မြေလု တဲ့ တိုက်ပွဲတွေ ဖြစ်ပြီး RCSS ဘက်က တပ်တွေ နဲ့ TNLA တပ်တွေ အကြား ထိပ်တိုက်ရင်ဆိုင် ခဲ့ကြတာ လို့ RCSS က ပြောခွင့် ရသူ ဗိုလ်မှူးကြီး စိုင်းလက ဘီဘီစီကိုပြောပါတယ်။

နှစ်ဘက် ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် နမ္မတူ မြို့နယ်မှာ ရှိတဲ့ ပန်လုံ ရွာက အမျိုးသမီး တစ်ဦးလည်း သေဆုံး ခဲ့ပြီး နောက် ထပ် ရွာသား အချို့လည်း ဒဏ်ရာ ရရှိ ခဲ့ပါတယ်။

RCSS က အစိုးရ နဲ့ NCA လက်မှတ်ရေးထိုး ထားပေမယ့် TNLA ကတော့ ငြိမ်းချမ်းရေးမှာ လက်မှတ်ရေးထိုး ထားခြင်း မရှိပါဘူး။

NCA ထိုး ထားပေမယ့်လည်း နယ်မြေ သတ်မှတ်မှု မရှိတဲ့ အတွက်ကြောင့် TNLA နဲ့ရော အစိုးရ တပ်နဲ့ပါ တိုက်ပွဲ တွေ ဖြစ်ပွားနေရပါတယ်။

RCSS နဲ့ TNLA တို့ တိုက်ပွဲတွေ ဖြစ်ပွား နေတဲ့ အပေါ်မှာ ငြိမ်းချမ်းရေး အတွက် ဆွေးနွေး ခဲ့ကြပေမယ့် အခုချိန်ထိ ပြေလည်မှု မရ သေးဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ