မုံးကိုး ဒေသက ခရစ်ယာန် ဓမ္မဆရာ ၂ဦး ပျောက်ဆုံးနေ

  • 26 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption အခုလို ပျောက်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မုံးကိုးဒေသ အစိုးရ စစ်တပ်ရဲ့ တပ်ရင်းမှူးက သူတို့လဲ မသိကြောင်း ပြန်ပြောခဲ့

ရှမ်းပြည်နယ် မုံးကိုးဒေသက သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဓမ္မဆရာ ဦးလန်ဂျော်ဂမ်ဆိုင်း တို့ ဒီဇင်ဘာလ ၂၄ရက်နေ့ ညကတည်းက ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အခုလို ပျောက်ဆုံးနေသူ ၂ဦးဟာ မုံးကိုးဒေသက အစိုးရစစ်တပ်က ဖမ်းဆီးသွားသူတဦးကို ပြန်လွှတ်ပေးဖို့ ကိစ္စအကြောင်း ပြောဆိုကာ ထွက်သွားကြ ပြီးတဲ့နောက်ပိုင်း ပျောက်သွားတာ ဖြစ်တယ်လို့ မုံးကိုးမြို့က ခရစ်ယာန် ဓမ္မဆရာတဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီအဖမ်းခံရသူဟာ ပြီးခဲ့တဲ့ မုန်းကိုးဒေသ တိုက်ပွဲဖြစ်စဉ်တွေမှာ အစိုးရစစ်တပ် ဖမ်းဆီးတာ ခံခဲ့ရပြီး ပြန်လွတ်လာတဲ့သူ ဖြစ်တယ်လို့လည်း အဲဒီဓမ္မဆရာက ပြောပါတယ်။

မုံးကိုးဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အစိုးရစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း ပျက်စီးဆုံရှုံးမှုရှိတဲ့ နေရာတွေကို ပျောက်သွားတဲ့သူ နှစ်ယောက်က လိုက်ပြ ပေးခဲ့ဖူးပါတယ်။

အဲဒီလို လိုက်ပြပေးခဲ့ဖူးတဲ့အတွက် အဖမ်းခံခဲ့ရလို့ အခု ပျောက်ဆုံးသွားတာဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

အခုလို ပျောက်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မုံးကိုးဒေသ အစိုးရ စစ်တပ်ရဲ့ တပ်ရင်းမှူးက သူတို့လဲ မသိကြောင်း ပြန်ပြောခဲ့တယ်လို့ သိရပါတယ်။

မုန်းကိုးဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပြီး ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပေမယ့် အခုအချိန်မှာတော့ မုန်းကိုးမြို့ခံအများစု ပြန်ရောက်လာကြပြီလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ