မောင်တော ဖြစ်ရပ်တွေကို အတည်ပြုဖို့ ငြင်းဆန်ဖို့ အထောက်အထားတွေ မရှိ

  • 27 ဒီဇင်ဘာ 2016
Image caption ဆင်ခြင်တုံ တရားနဲ့ စဉ်းစားဆင်ခြင် ရမှာ ဖြစ်တယ်လို့ ဦးအောင်ကြည်က ဆို

ရခိုင်ပြည်နယ် မောင်တော ဒေသမှာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်တုန်း ရိုဟင်ဂျာ အမျိုးသမီးတွေ အဓမ္မ ပြုကျင့် ခံရတာမျိုး၊ ကျေးရွာ တွေ မီးရှို့ ဖျက်စီး ခံရတာမျိုး တွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲ ပြောဆို ချက် တွေ အပေါ် လုံးဝ ချေဖျက် နိုင်လောက်အောင် ဖြစ်စေ၊ အတည်ပြု လောက်အောင် ဖြစ်စေ ခိုင်ခိုင်လုံလုံ အထောက်အထားတွေ မတွေ့ရ သေးဘူး လို့ ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ဦးအောင်ကြည်က ပြောပါတယ်။

ဒါပေမယ့်၊ ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ မောင်တောဒေသမှာ ကွင်းဆင်း စစ်ဆေးတုန်းက အဓမ္မ ပြုကျင့် ခံခဲ့ ရသူတွေလို့ ထွက်ဆိုသူ အမျိုးသမီး တချို့ဟာ ကြိုတင် လေ့ကျင့် ထားသလို ဇာတ်လမ်း တစ်ခုတည်းကို ပြောဆို တာမျိုး၊ ရှေ့နောက် မညီ ထွက်ဆို တာမျိုး တွေ တွေ့ခဲ့ရတယ်လို့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးအောင်ကြည်က ဆိုပါတယ်။

ဒီလို ကိစ္စမျိုးတွေ ဆိုတာ မသဲမကွဲ ဖြစ်တဲ့ အခြေအနေမျိုး အမြဲတမ်း ရှိနေတဲ့ အတွက် ဆင်ခြင်တုံ တရားနဲ့ စဉ်းစားဆင်ခြင် ရမှာ ဖြစ်တယ်လို့လည်း ဦးအောင်ကြည်က ဆိုပါတယ်။

အစိုးရ စစ်တပ်က ရိုဟင်ဂျာ ရွာတွေကို မီးရှို့ခဲ့တယ် ဆိုတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ တချို့ရဲ့ ပြောဆိုမှုတွေ အပေါ်မှာလည်း လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုခုက ရှို့တာလား၊ ရွာသားတွေပဲ ကိုယ့်အိမ်ကိုယ် ရှို့တာလား ဆိုတာကို ကွဲကွဲပြားပြား ပြောဆိုနိုင်တဲ့ ခိုင်လုံတဲ့ သက်သေ အထောက်အထား တစုံတရာ ရမထားဘူးလို့ ဦးအောင်ကြည်က ပြောပါတယ်။

ဦးအောင်ကြည် ပါဝင်တဲ့ ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင်ဟာ မောင်တော ဒေသ ဖြစ်ရပ်တွေကို စုံစမ်းဖို့ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင် ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။

မွတ်ဆလင် အမျိုးသမီး နှစ်ဦးက သူတို့ကို အစိုးရ စစ်သားတွေက မုဒိန်း ပြုကျင့် ခဲ့တယ်လို့ မောင်တော ဒေသကို ရောက်သွား ခဲ့တဲ့ သတင်းထောက်တွေ ကို ပြောဆို ခဲ့ပါတယ်။

အဲဒီ အမှု ကိစ္စကို ဖော်ထုတ်ဖို့ အာဏာပိုင် အဖွဲ့တစ်ဖွဲ့ သွားရောက်တဲ့ အခါမှာတော့ ကာယကံရှင် အမျိုးသမီး နှစ်ယောက်က လာရောက် မတွေ့ဆုံပဲ တိမ်းရှောင် နေပြီး၊ ပတ်ဝန်းကျင် ကတော့ မုဒိန်းမှု ပေါ်ပေါက် ခဲ့တယ် ဆိုတာ မမှန်ကန်ဘူး လို့ ထွက်ဆို ခဲ့တယ် ဆိုပြီး အစိုးရက သတင်း ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ