၂၀၁၇ မှာ မြန်မာ့ နိုင်ငံရေး အခြေအနေ ကောင်းမယ်လို့ သူရဉီးရွှေမန်း သုံးသပ်

  • 28 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Thura U Shwe Man FB
Image caption အစိုးရ အဆက်ဆက် က မတူကွဲပြား တဲ့ ပုံသဏ္ဍန်တွေ နဲ့ ချည်းကပ်ခဲ့

၂၀၁၇ ခုနှစ်မှာ မြန်မာ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ငြိမ်းချမ်းရေး လုပ်ငန်း တွေဟာ လက်ရှိ အခြေအနေထက် ပိုကောင်း လာမယ်လို့ ဥပဒေ ရေးရာ နဲ့အထူးကိစ္စ ရပ်များကော်မရှင်ဥက္ကဌ သူရဦးရွှေမန်း က ဘီဘီစီ ကို ပြောပါတယ်။

လွှတ်တော် သက်တမ်း တစ်နှစ်ကျော် နဲ့ အစိုးရ သက်တမ်း ၉ လ ရှိခဲ့ပြီ ဖြစ်တာကြောင့် လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေ ကို ကျော်လွန် ဖြတ်သန်း နိုင်မယ်လို့လည်း သူက ဆိုပါတယ်။

၂၀၁၆ ခုနှစ်ထက် တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေး နဲ့ ဖွံ့ဖြိုး တိုးတက်ရေး တွေကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက် နိုင်ဖို့ သူ့ အနေနဲ့ ယုံကြည် ထားတယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိမှာ မြန်မာ့ စီးပွားရေး ကျဆင်း နေရ တာကလည်း ကမ္ဘာ့ စီးပွားရေး အခြေအနေ နဲ့ ဆက်စပ် နေတာရယ်၊ အစိုးရ အဆက်ဆက် က မတူကွဲပြား တဲ့ ပုံသဏ္ဍန်တွေ နဲ့ ချည်းကပ်ခဲ့လို့ ဖြစ်ကြောင်း သူရ ဦးရွှေမန်း က ပြောပါတယ်။

မြန်မာပြည် ငြိမ်းချမ်းရေး က တစ်ဘက် နဲ့ တစ်ဘက်၊ တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ ပွင့်ပွင့်လင်းလင်း ပြောဆို ညှိနှိုင်း မယ်ဆိုရင် ငြိမ်းချမ်းရေး ရဖို့ ခက်ခဲမှာ မဟုတ်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ့ ငြိမ်းချမ်းရေး အခြေအနေ ကို လည်း သုံးသပ် ခဲ့ပါတယ်။

လာမယ့် နှစ်သစ်မှာ အတိတ် နဲ့ နှစ်ဟောင်း က အတွေ့အကြုံတွေကို သင်ခန်းစာ ယူပြီး နှစ်သစ်မှာ ကောင်းကျိုးရအောင် ဆောင်ရွက်ဖို့ နဲ့ တရားဥပဒေ စိုးမိုးရေး၊ ဥပဒေ ရဲ့ အကာအကွယ် ကို ပြည်သူတွေ ပိုမို ရရှိဖို့ ဆောင်ရွက် သွားမယ်လို့ သူရ ဦးရွှေမန်း က ပြောကြားသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ