ငြိမ်းချမ်းရေးစကားဝိုင်း ဘယ်လောက်အောင်မြင်လဲ

  • 2 ဇန်နဝါရီ 2017
Image caption လူငယ်ငြိမ်းချမ်းရေစကားဝိုင်း

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေရဲ့ငြိမ်းချမ်းရေး စကားဝိုင်းမှာ ဖိတ်ကြားခံရပေမယ့် လူငယ်ပေါ်လစီအကြောင်း ဆွေးနွေးမယ်လို့ ပထမအချက်အလက် မှားဖေါ်ပြလို့ စစ်တမ်းကောက်တဲ့ကိစ္စနဲ့ တိုက်ဆိုင်နေလို့ မတက်ရောက်တာ လို့ ကချင်ပြည်နယ်က ဖိတ်ကြားခံရတဲ့ လူငယ် ဆိုင်းနုပန်က ဘီဘီစီကိုပြောပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲလို့သိရတယ်အခါ တက်ရောက်ဖို့ စာရင်းပေးပေမယ့် ပိတ်သွားပြီလို့ ပြောတဲ့အတွက် ကချင်လူငယ်ကိုယ်စားပြုတဲ့ အသံတွေမကြားရလို့ ဆုံးရှုံးရတယ်လို့လည်း သူကပြောပါတယ်။

တကယ်လို့ တက်ရောက်ရမယ်ဆိုရင်တော့ စစ်ပွဲတွေဖြစ်နေရင် ငြိမ်းချမ်းရေးရနိုင်မှာမဟုတ်ကြောင်း၊ ဒါကြောင့် စစ်ပွဲတွေအရင်ရပ်အောင်ကြိုးပမ်း ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံကိုပြောလိုကြောင်း ဆိုင်းနုပန်က ဆက်ပြောပါတယ်။

အခုလူငယ်ဆွေးနွေးပွဲကို အသိအမှတ်ပြုပြီး ငြိမ်းချမ်းရေးအတွက် လက်တွဲကာ ဆုံးဖြတ်ချက်ချနိုင်တဲ့အဆင့်အထိ လူငယ်တွေပါဝင်မှုကို လိုလားကြောင်းသူကပါတယ်။

အခု ကချင် ချင်းနဲ့ကရင်နီ တိုင်းရင်းသားလူငယ်တွေ မတက်ရောက်တဲ့အတွက် ဒီစကားဝိုင်းက လူငယ်တွေကို ဘယ်လောက် ကိုယ်စားပြုသလဲလို့ မေးရာမှာတော့ လေ့လာသူအဖြစ် တက်ရောက်တဲ့ မြန်မာလူငယ်ကွန်ဂယက် အတွင်းရေးမှူး အဖွဲ့ဝင် မရွှန်းလဲ့သဉ္စာရည်ကတော့ တက်ရောက်သူတွေဟာ လူငယ်မူဝါ ဒရေးဆွဲရာမှာပါဝင်ကြပြီး ကိုယ့်လူမျိုး ကိုယ့်ပြည်နယ်အကြောင်းသာ ပြောတာမဟုတ်လို့ လူငယ်တွေကို ကိုယ်စားပြုတယ်လို့ ယူဆကြောင်းပြောပါတယ်။

ဒါ့အပြင် လူငယ်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးချက်တွေကို သဘောမတူတာရှိသလို ဆွေးနွေးရတာအားမရပေမယ့် ဒီစကားဝိုင်းကအောင်မြင်တယ်လို့ ယူဆကြောင်းမရွှန်းလဲ့သဉ္စာရည်ကဘီဘီစီကို ပြောကြားသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ