ဂုဏ်ထူးဆောင် တပ်မတော်သား ဆု ချီးမြှင့်မှု အပေါ် ဝေဖန်နေ

  • 4 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် President Office
Image caption အမျိုးသား ပြန်လည် သင့်မြတ်ရေး ကို မျှော်လင့်ချက် ကင်းမဲ့ စေလို့ ဝေဖန်

ပြီးခဲ့တဲ့နှစ် အတွင်း ဖြစ်ပွား ခဲ့တဲ့တိုက်ပွဲတွေမှာ ထူးချွန်ခဲ့တဲ့ တပ်မတော်သား တွေကို နိုင်ငံတော် သမ္မတ က ဂုဏ်ထူး ဆောင် ဘွဲ့ တံဆိပ်တွေ ၆၉ နှစ်မြောက် လွတ်လပ်ရေး နေ့မှာချီးမြှင့် ခဲ့ပါတယ်။

ဂုဏ်ထူးဆောင် ဆုတံဆိပ်ပေးတဲ့ အခမ်းအနားကို သမ္မတအိမ်တော် က သဘင်ဆောင်မှာကျင်းပခဲ့တာပါ။

ဂုဏ်ထူးဆောင် ဆုတံဆိပ် ချီးမြှင့် ခံရသူတွေကတော့ ပြီးခဲ့တဲ့နှစ်အတွင်း င်MNDAA လို့ခေါ်တဲ့ ကိုးကန့် ဖုန်ကြားရှင်အဖွဲ့အပါအဝင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အရှေ့မြောက် ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ တိုက်ပွဲဖြစ်ရာမှာ ပါဝင်ခဲ့ ကြတဲ့ သူတွေထဲက တပ်မတော်သား အချို့ကို ဂုဏ်ထူးဆောင် ဘွဲ့ချီးမြှင့် ခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းစစ်မှာ ပါဝင် တိုက်ခဲ့တဲ့ တပ်မတော်သား တွေကို အရပ်သား အစိုးရက ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်တာ နဲ့ပတ်သက်လို့ဝေဖန်မှု တွေရှိနေပါတယ်။

ပြည်ထောင်စုသား အချင်းချင်း တိုက်ခိုက်ခဲ့သူတွေ ၊တိုင်းရင်းသား အချင်းချင်း သတ် ခဲ့သူ မြန်မာ့ တပ်မတော် သားတွေကို အရပ်သား အစိုးရ ရဲ့ သမ္မတ တစ်ဦး က ဆု ပေးတယ် ဆိုတာ က သူ့ အမြင်မှာတော့ အင်မတန်မှ ရုပ်ဆိုး တဲ့ အဖြစ်အပျက် တခု လို့ Generation Wave ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ကိုမိုးသွေးက ပြောပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး ကို တည်ဆော်မယ်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တည်ဆောက်မယ် ဆိုတဲ့ အစိုးရ တစ်ရပ် က အခုလို ဆုချီးမြှင့်တဲ့ အပြုအမူ က အမျိုးသား ပြန်လည် သင့်မြတ်ရေး ကို မျှော်လင့်ချက် ကင်းမဲ့ စေတယ်လို့လည်း သူက ဆိုပါတယ်။

ဆုချီးမြှင့် ခဲ့တာ နဲ့ ပတ်သက်လို့ ဝေဖန်သူတွေရှိသလို၊ ထောက်ခံသူတွေလည်း ရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ တစ်ဘက်မှာတော့ သူရဲကောင်းလို့ ပြောကြသလို၊ တစ်ဘက် မှာလည်း ဝေဖန် မှု တွေ ရှိတယ်ဆိုတာ သိရှိထားကြောင်း၊ အားလုံး ရဲ့ ဆန္ဒနဲ့ အညီ ဆုပေး ဖို့ ဆိုတာ အခက်အခဲ ရှိမှာ ဖြစ်တယ်လို့ NLD ပါတီ ဗဟို အလုပ်အမှု ဆောင်လဲဖြစ် ဆုချီးမြှင့် ပွဲ အခမ်းအနား ကို တက်ရောက်ခဲ့တဲ့ ဥပဒေကြမ်း ကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန် ကတော့ ပြောပါတယ်။

အားလုံးက ကိုယ့်ရဲ့ ခံစားချက်တွေ၊ ကိုယ်ရဲ့ အမြင်တွေကို ထုတ်ဖော် ပြောကြတာ ဖြစ်လို့ သူတို့ရဲ့ အမြင်တွေ အပေါ်မှာ ဘာမှ မှတ်ချက်မပေးလိုဘူးလို့လည်း ဦးထွန်းထွန်းဟိန် က ပြောပါတယ်။

ဘွဲ့တံဆိပ် ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ သီဟသူရဘွဲ့တံဆိပ် ရရှိသူ တစ်ဦး နဲ့သူရဘွဲ့ရရှိသူ ၁၄ ဦးတို့ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ဆု ချီးမြှင့် ခဲ့ပါတယ်။

အရင် ကလည်း နှစ်စဉ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ ရောက်တိုင်း အခုလို တိုက်ပွဲမှာ ထူးထူးချွန်ချွန် တိုက်ခဲ့သူတွေကို ဂုဏ်ထူးဆောင်ဘွဲချီးမြှင့်ပွဲပြုလုပ်လေ့ ရှိပါတယ်။

ဘွဲ့တံဆိပ်ချီးမြှင့် တဲ့ အခမ်းအနားကို နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦးတပ်မတော် ကာကွယ်ရေးဦးစီးချုပ် နဲ့ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ပြည်ထောင်စုဝန်ကြီး အချို့ တက်ရောက် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ