ရွှေတိဂုံပုံတော် စီးပွားရေးအရ သုံးခွင့်တားမြစ်

  • 6 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဒီလို ပိတ်ပင်တဲ့ နေရာမှာလည်း ပြက္ခဒိန်တွေမှာ ဖော်ပြခွင့်ကိုပါ တားမြစ်လိုက်တာဖြစ်ပြီး ဂေါပကအဖွဲ့က ထုတ်ဝေတဲ့ ပြက္ခဒိန်တမျိုးတည်းကပဲ ရွှေတိဂုံပုံတော်ကို ဖော်ပြခွင့်ရှိမှာ ဖြစ်

ရွှေတိဂုံ စေတီတော်ကြီးရဲ့ ပုံတော်ကို စီးပွားရေးလုပ်ငန်းတွေ အတွက် ပုံနှိပ်ထုတ်ဝေခြင်း မပြုလုပ်ဖို့ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့က ကြေညာလိုက်ပါတယ်။

ရွှေတိဂုံပုံတော်ကို အစားအသောက်နဲ့ ကုန်ပစ္စည်း အသုံးအဆောင်တွေမှာ ရိုက်နှိပ် ကြော်ငြာတာဟာ အဂါရဝ ဖြစ်တဲ့အတွက် အရင်ကတည်းက အခုလို လုပ်တဲ့သူတွေကို ဖယ်ရှားပေးဖို့ ကန့်ကွက်မှုတွေ ရှိခဲ့ပေမယ့် ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် သိရှိသွားအောင် ကြေညာရတာ ဖြစ်တယ်လို့ ရွှေတိဂုံ ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သာသနာရေးဝန်ကြီးအပါအဝင် သြဝါဒ စရိယ ဆရာတော်တွေနဲ့ တိုင်ပင်ခဲ့ပြီး သတင်းစာမှာ အခုလို ပိတ်ပင်ကြောင်း ကြေညာဖို့ ဆုံးဖြတ်ခဲ့တာလို့ ဦးထွန်းအောင်ငွေက ပြောပါတယ်။

ဒီလို ပိတ်ပင်တဲ့ နေရာမှာလည်း ပြက္ခဒိန်တွေမှာ ဖော်ပြခွင့်ကိုပါ တားမြစ်လိုက်တာဖြစ်ပြီး ဂေါပကအဖွဲ့က ထုတ်ဝေတဲ့ ပြက္ခဒိန်တမျိုးတည်းကပဲ ရွှေတိဂုံပုံတော်ကို ဖော်ပြခွင့်ရှိမှာ ဖြစ်ပါတယ်။

ဒါပေမယ့် စီးပွားရေး လုပ်ငန်းတွေအတွက် မဟုတ်တဲ့ သာသနာရေးနဲ့ အသိပညာပေးမှုလိုမျိုး ရေးသားချက်တွေမှာတော့ ရွှေတိဂုံပုံတော်ကို ဖော်ပြခွင့်ပြုမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေ လာရောက်ဖို့ ဆွဲဆောင်နိုင်တဲ့ နိုင်ငံတကာက ဖော်ပြမှုတွေကိုတော့ တားမြစ်မှာ မဟုတ်ဘူးလို့ ဦးထွန်းအောင်ငွေက ပြောပါတယ်။

အခုလို ရွှေတိဂုံပုံတော်ကို စီပွားရေးလုပ်ငန်းတွေမှာ ဖော်ပြမှု ပိတ်ပင်တာကို မလိုက်နာရင် သာသာနာတော် ညိုးနွမ်းစေမှုနဲ့ တရားစွဲခံရမှာ ဖြစ်တယ်လို့ ဦးထွန်းအောင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ