KNU အနေနဲ့ NCA စာချုပ် ကို လိုက်နာဖို့ အစိုးရ သတိပေး

  • 6 ဇန်နဝါရီ 2017
Image caption ရင်အမျိုးသားအစည်းအရုံးအနေနဲ အပစ်အခတ် ရပ်စဲရေး NCA စာချုပ်ကို လက်မှတ် ထိုးထားတဲ့ အဖွဲ့ ဖြစ်ပြီး လက်ရှိ မြန်မာ့ တပ်မတော်နဲ့ဆက်ဆံရေး အဆင်ပြေ

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA ပါအချက်အလက်တွေကို မချိုးဖောက်ဖို့ကရင်ပြည်နယ် အစိုးရအဖွဲ့က KNU အဖွဲ့ထံစာပို့ထား ကြောင်း သတင်းရရှိပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ထဲမှာ KNU အဖွဲ့ဟာအကြီးဆုံးအဖွဲ ဖြစ်ပါတယ်။

အပစ်ရပ် စာချုပ် လက်မှတ် မထိုးခင် အချိန်က အုပ်ချုပ်မှု တိတိကျကျ မရှိတဲ့ နယ်မြေ တချို့မှာ လူထု တောင်းဆိုမှု အရ မြေယာ တိုင်းတာမှုတွေကို KNU က ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။

ဒါ ကို အစိုးရ ရဲ့ အုပ်ချုပ်မှုကို ဝင်ရောက် စွက်ဖက်တယ်၊ မလုပ်ဆောင်သင့် ဘူးလို့ ဆိုကာ ကရင်ပြည်နယ်အစိုးရအဖွဲ့ က စာပေးပို့ လာတာ ဖြစ်ကြောင်း ကရင် အမျိုးသား အစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။

အစိုးရ ဘက်ကလည်း သူ့ရဲ့ အုပ်ချုပ်ရေး ကို တိုးချဲ့ လာတဲ့ သဘော ရှိတယ်လို့ KNU အထွေထွေ အတွင်းရေးမှူး က ပြောပါတယ်။

ပြည်နယ် အစိုးရ က စာရေး အကြောင်းကြားမှု နဲ့ ပတ်သက်လို့ နှစ်ဘက် တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာ သွားမယ်လို့လည်း သူက ဆိုပါတယ်။

ကရင် ပြည်နယ် အစိုးရ ပေးပိုတဲ့ စာထဲမှာ KNU အနေနဲ့ ဆက်ကြေး မကောက်ဖို့ သတိပေး တဲ့ အကြောင်း လည်း ပါရှိတယ်လို့ စုံစမ်း သိရှိရပါတယ်။

KNU အနေနဲ့တော့ ဆက်ကြေး ကောက်တာ မဟုတ်ဘဲ၊ အခွန်အခ ကောက်ခံတာ ဖြစ်ကြောင်း လဲ ဖဒိုကွယ်ထူးဝင်းက ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတဲ့ အချိန်ကနေ ထာဝရ ငြိမ်းချမ်းရေး ရတဲ့အချိန်ထိ ကြားကာလ အတွင်းမှာ အခုလိုမျိုး ပြဿနာတွေမဖြစ်ပေါ်ဖို့ညှိနှိုင်းရေးအဖွဲ့ ထားရှိ သင့်ကြောင်း ငြိမ်းချမ်းရေး လေ့လာ သူတွေက ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေအနေနဲ့ ကလည်း ကြားကာလအတွင်း ပြဿ နာမဖြစ်ဖို့အတွက် ပူးတွဲ ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းရေး အတွက် အစိုးရ ကိုတင်ပြ ထားတယ်လို့ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံးအနေနဲ အပစ်အခတ် ရပ်စဲရေး NCA စာချုပ်ကို လက်မှတ် ထိုးထားတဲ့ အဖွဲ့ ဖြစ်ပြီး လက်ရှိ မြန်မာ့ တပ်မတော်နဲ့ဆက်ဆံရေး အဆင်ပြေ နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ