မြန်မာ နိုင်ငံခြားရေး အဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားမယ်

  • 8 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဘင်္ဂလားဒေ့ရှ်မှာ ထွက်ပြေးနေတဲ့ မြန်မာဘက်က သောင်းနဲ့ချီရှိလို့ စွပ်စွဲ

မြန်မာ နိုင်ငံခြားရေး ဌာန ဘက်က ဒုဝန်ကြီး ခေါင်းဆောင်တဲ့ အထူး ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ ဒီတပတ်ထဲမှာ ဘင်္ဂလားဒေ့ရှ်ကို သွားဖို့ ရှိပါတယ်။

ဒါဟာ အစိုးရသစ် တက်လာပြီးနောက် နိုင်ငံခေါင်းဆောင်တွေ မသွားရောက်ခင် ကိုယ်စား စေလွှတ်တဲ့ သဘော ဖြစ်တယ်လို့ နိုင်ငံခြားရေး၀န်ကြီးဌာန ဘက်က ပြောပါတယ်။

ဒီခရီးစဉ်အတွင်း ၂ နိုင်ငံ ဆက်ဆံရေး ကိစ္စတွေအပြင် ဘင်္ဂလားဒေ့ရှ်မှာ အရင် ၁၉၉၂ ထဲက ကျန်နေတဲ့ မြန်မာဘက်က လူ ၂၄ဝဝ ကျော်နဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်တယ်လို့ လည်း အမြဲတမ်း အတွင်းဝန် ဦး ကျော်ဇေယျ က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘက်က သူတို့ဆီမှာ မြန်မာ ဘက်က ထွက်ပြေးလာသူ သုံးသိန်း ခန့် ရှိတယ်လို့ ပြောဆို ထားပါတယ်။

ဒါေပမဲ့ ဒီလူတွေကို စိစစ်ရာမှာတော့ မြန်မာ ဘက်မှာ နေခဲ့ဖူးကြောင်း သက်သေ အထောက်အထား ပြနိုင်သူ နှစ်ထောင်ကျော်ပဲ ရှိတယ်လို့ ဦး ကျော်ဇေယျ က ပြောပါတယ်။

ဒီလူတွေ မြန်မာဘက်ကို ပြန်လိုလျှင် သူတို့ ဆန္ဒနဲ့ ပြန်မှ ဝင်ခွင့်ပြုမယ်လို့ မြန်မာ ဘက်က အကြောင်းကြား ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ကြားခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။

အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေ အပြီး ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးလာသူ ငါးသောင်း ကျော် ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် ဘက်က ပြောပေမယ့် ဒီလာမယ့် ခရီးစဉ်မှာ ဒီကိစ္စ ဆွေးနွေးဖို့ မရှိဘူးလို့လည်း နိုင်ငံခြားရေး ဌာန အမြဲတမ်း အတွင်းဝန် ဦး ကျော်ဇေယျ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ